၂၀၂၆ အာရှယူ-၁၇ အမျိုးသား ခြေစစ်ပွဲ ကို နိုဝင်ဘာ (၂၂)ရက် မှ (၃၀)ရက်အထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲစဉ်များကို ဝင်ကြေးအခမဲ့ စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထား သည်။
အိမ်ရှင်အဖြစ်ကျင်းပမည့် အဆိုပါ ခြေစစ်ပွဲကို မြန်မာနှင့်အတူ အိုမန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ နီပေါအသင်းတို့က အုပ်စု (G)တွင် ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အိုမန်အသင်းကို နိုဝင်ဘာ (၂၂)ရက်တွင်လည်းကောင်း၊ နိုဝင်ဘာ (၂၄)ရက်တွင် နီပေါအသင်းဖြင့်လည်းကောင်း၊ နိုဝင်ဘာ (၂၈)ရက်တွင် တရုတ်ဖြင့်လည်းကောင်း၊ နိုဝင်ဘာ (၃၀)တွင် ဆီးရီးယားအသင်းဖြင့်လည်း ကောင်း အသီးသီးယှဉ်ပြိုင်ကြရရမည်ဖြစ်သည်။
ယင်းပွဲစဉ်များအတွက် သတင်းစာရှင်းလင်းပွဲကို မနက်ဖြန် (နိုဝင်ဘာ ၂၁ ရက်) မွန်းလွဲ (၂) နာရီခွဲအချိန်တွင် သုဝဏ္ဏကွင်း သတင်းစာရှင်း လင်းပွဲခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ခြင်းကြောင့် မီဒီယာများများ သတင်းရယူနိုင်ရန် ဖိတ်ကြားထားသည်။
