အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာ (၂၂) ရက် မှ (၃၀) ရက်အထိ (၉) ရက်ကြာ လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခြေစစ်ပွဲတွင် မြန်မာအသင်းမှာ အုပ်စု (G)တွင် အိုမန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ နီပေါအသင်းတို့နှင့်အတူ ကျရောက်နေကာ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
လက်ရှိတွင် ပြိုင်ပွဲဝင် မြန်မာ ယူ၁၆ အသင်းအနေဖြင့် အာရှ ယူ-၁၇ ခြေစစ်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရေးအတွက် တရုတ်နိုင်ငံတွင် သွားရောက်လေ့ကျင့်ပြင်ဆင်နေကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။
မြန်မာ ယူ-၁၆ အသင်းသည် နိုဝင်ဘာ (၁၂)ရက်က တရုတ်လက်ရွေးစင် ယူ-၁၆ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
