Monday, February 17, 2025

တရုတ်လေယာဉ် ၂၄ စီး ကို...

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း...

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို...

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅)...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်...

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath...

ပူတာအို ရေခဲတောင်တက်ခရီးစဥ်တွင် အဓိကအားထားရသည့် ဖုန်ရင်ချောင်းကူးတံတား...

ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်းရှိ ဖုန်ရင်ရာဇီနှင့် ဖန်ဂရမ်ရာဇီ ရေခဲတောင်တက်ခရီးစဉ်များအတွင်း အဓိက အားထားသွားလာရသည့် ဖုန်ရင်ချောင်းကူးတံတား ပြင်ဆင်ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ‌အဆိုပါ တံတားပြုပြင်ရေးတွင် ပါဝင်သူဒေသခံတစ်ဦးက...
HomeNewsLocal Newsအာရှတိုက်သည် ရာသီဥတု ဘေးဒဏ်အခံရဆုံး...

အာရှတိုက်သည် ရာသီဥတု ဘေးဒဏ်အခံရဆုံး ဒေသတစ်ခုဖြစ်ဟု ကုလမိုးလေဝသအေဂျင်စီ ဆို

အာရှတိုက်ဟာ ရာသီဥတုဆက်နွယ် ဘေးအန္တရာယ်တွေကြောင့် ပြီးခဲ့တဲ့နှစ်က ကမ္ဘာမှာ သဘာဝဘေးဒဏ်အခံရဆုံး ဒေသတစ်ခုဖြစ်ခဲ့ပြီး ရေလွှမ်းမိုးမှုတွေ မုန်တိုင်းတွေများစွာဖြစ်ပေါ်ခဲ့မှုနဲ့အတူ သေကြေပျက်စီးမှု အမြင့်ဆုံးအရေအတွက်ဖြစ်ခဲ့တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း(WMO) က ပြောဆိုပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အာရှမှာ ဇလဗေဒနဲ့ ဆက်စပ်တဲ့ သဘာဝဘေးအန္တရာယ် ၇၉ ခုဖြစ်ခဲ့တယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တဲ့ WMO အစီရင်ခံချက်မှာ ဖော်ပြပါတယ်။ ယင်းတို့ထဲက ၈၀ ရာခိုင်နှုန်းကျော်ဟာ ရေကြီးမှုတွေ၊ မုန်တိုင်းတွေနဲ့ ဆက်စပ်နေပြီး လူပေါင်း ၂၀၀၀ ကျော်ကို သေစေခဲ့တယ်လို့ ဆိုပါတယ်။

ဒေသရှိ နိုင်ငံအများအပြားဟာ မိုးခေါင်ခြင်း၊ အပူလှိုင်းတွေဖြတ်ခြင်းမှသည် ရေကြီးခြင်း၊ မုန်တိုင်းတွေဝင်ရောက်ခြင်းအထိ ပြင်းထန်အခြေအနေတွေ တရစပ်ပေါ်ပေါက်ခဲ့သလိုပဲ ၂၀၂၃ ခုနှစ်မှာ အပူပြင်းဆုံး နှစ်တစ်နှစ်အဖြစ် စံချိန်တင်ခဲ့တဲ့အခြေအနေကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ WMO ရဲ့ အထွေထွေအတွင်းရေမှူးချုပ် ဆဲလက်စတေ ဆော်လိုက ပြောဆိုပါတယ်။

“ရာသီဥတု ဖောက်ပြန်မှုက အဲဒီလိုအဖြစ်အပျက်တွေရဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကို ပိုမိုဆိုးရွားစေပါတယ်” လို့ သူက ဆိုခဲ့ပါတယ်။

WMO ရဲ့ အဆိုအရ အာရှတိုက်ရဲ့ ပူနွေးမှုဟာ ကမ္ဘာလုံးဆိုင်ရာ ပျှမ်းမျှပူနွေးမှုထက် ပိုမိုမြန်ဆန်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ မြင့်မားတဲ့ ပျှမ်းမျှအပူချိန်ကို အနောက် ဆိုက်ဘေးရီးယားမှ အာရှအလယ်ပိုင်းအထိနဲ့ တရုတ်အရှေ့ပိုင်းမှသည် ဂျပန်အထိ မှတ်တမ်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အာရှတိုက်ရဲ့ မြင့်မားတဲ့တောင်တန်းတွေရှိ ရေခဲမြစ်အများစုဟာ စံချိန်တင် မြင့်မားတဲ့ အပူချိန်နဲ့ ခြောက်သွေ့တဲ့ရာသီအခြေအနေတွေကြောင့် သိသိသာသာ အစုအပြုံလိုက် အရေပျော်ဆုံးရှုံးခဲ့တာကိုလည်း အစီရင်ခံစာမှာ မီးမောင်းထိုးပြခဲ့ပါတယ်။

Ref: Kathmandu Post

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ် ၂၄ စီး ကို ကျွန်းတစ်ဝိုက်၌ တွေ့ရှိရဟုထိုင်ဝမ်ပြော

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။အဆိုပါသင်္ဘောသည် အမေရိကန်သင်္ဘောနှစ်စင်းဖြတ်သန်းပြီးရက်ပိုင်းအကြာတွင်ရောက်လာခဲ့ခြင်းလည်းဖြစ်သည်။ ပေကျင်းသည် ထိုင်ဝမ်အား မအုပ်ချုပ်ခဲ့ဖူးသော်လည်း ထိုင်ဝမ်အား၎င်း၏ပိုင်နက်အဖြစ်ယူဆထားပြီး လိုအပ်လာပါက တစ်ချိန်တွင် အင်အားသုံးသိမ်းမည်ဟုလည်းပြောကြားထားသည်။ ကနေဒါရေတပ်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြား၏လွတ်လပ်မှုနှင့် ငြိမ်းချမ်းပွင့်လင်းမှုကိုထိန်းထားနိုင်ရန်အတွက် ၎င်း၏အခိုင်အမာရပ်တည်ချက်ကို ဖော်ပြသည့်အနေနှင့်သာမက ထိုင်ဝမ်ရေလက်ကြားသည် နိုင်ငံတကာရေပိုင်နက်ဖြစ်သည်ဟူသောအချက်ကိုပါ ပြသနိုင်ရန်အတွက် ယခုကဲ့သို့ဖြတ်သန်းခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။ ယင်းသို့ကနေဒါရေတပ်သင်္ဘောဖြတ်သန်းစဉ်တွင် တရုတ်ဘက်မှ တိုက်လေယာဉ်များနှင့်မောင်းသူမဲ့လေယာဉ်များအပါအဝင် လေယာဉ် ၂၄ စီးကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေ

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅) ရက်နေ့၌ ထိုင်းအာဏာပိုင်များက ဘုရားသုံးဆူနယ်စပ်သို့ စစ်ဆေးရေးပြုလုပ်ရန်သတင်းများထွက်ပေါ်နေပြီး ယင်းအတွက် နှစ်နိုင်ငံကုန်စည်ဖြတ် သန်းခွင့်ကိုပါ ကန့်သတ်ပိတ်ဆို့လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးထံက သိရသည်။ လက်ရှိတွင် ဘုရားသုံးဆူမြို့၌ လျှပ်စစ် မီးဖြတ်တောက်ထားသည့်အတွက် ဒေသထုတ်ကုန်ပစ္စည်းများဈေးမြင့်တက်လာကာ နယ်စပ်ကုန်သွယ်မှုကိုထပ်မံ ကန့်သတ်လိုက်မည်ဆိုပါက အလုပ်အကိုင်များအပြင် တစ်ပိုင်တနိုင်ကုန်စည် ကူးသန်းရောင်းဝယ်သူများပါ အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း ဆိုသည်။ " အခုလောလောဆယ်တော့ ကန့်သတ်တာတွေ ပိတ်ဆို့တာတွေမရှိသေးပါဘူး။ ဖြစ်လာမှာကို...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ယနေ့ Official Training ပြုလုပ်

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath ကွင်းတွင် Official Training ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ဖေဖော်ဝါ ရီ(၁၇)ရက် မွန်းလွဲ(၂)နာရီအချိန်၌ လက်ဘနွန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဗိုလ်စွဲနိုင်ရေး ရေပန်းအစားဆုံးအသင်းတစ်ခုအဖြစ် စိတ်ဝင်စားမှုမြင့်တက် နေသည်။ ထို့အတူ ဖေဖော်ဝါရီ (၂၀) ရက်တွင် ကာဂျစ္စတန်၊ ဖေဖော် ဝါရီ (၂၃) ရက်တွင် အိမ်ရှင် နီပေါအသင်းတို့နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071