လာမယ့်၂ဝ၁၉ ခုနှစ် နွေရာသီမှာ အာရီယားနား ဂရန်းဒေရဲ့ အထူးဖျော်ဖြေပွဲတစ်ပွဲ အင်္ဂလန် နိုင်ငံ မန်ချက်စတာမြို့မှာ ကျင်းပသွားဖို့ စီစဉ် နေတဲ့ အကြောင်း သိရပါတယ်။
၂ဝ၁၇ ခုနှစ်က ဗုံးပေါက် ကွဲမှုကြောင့် ပရိသတ် ၂၂ ဦး သေကြေပျက်စီးခဲ့ရတဲ့ အာရီယားနားဂရန်းဒေရဲ့ အင်္ဂလန်က မန်ချက်စတာအရီ နာဖျော်ဖြေပွဲအပြီးတစ်ကျော့ပြန် ကျင်းပမယ့်မကျေပွဲလည်း ဖြစ်ပါတယ်။
”ကျွန်မတကယ်ပြန်လာပါပြီ၊ ရှင်တို့ကိုချစ်ပါတယ်”ဆိုပြီး အာရီ ယားနားဂရန်း ဒေက သူ့ရဲ့အင်စတာ ဂရမ်စာမျက်နှာပေါ်မှာ ရေးတင်ခဲ့ ပါတယ်။ ကျင်းပမယ့်မြို့တွေကတော့ လန်ဒန်၊ ဘာမင်ဂမ်၊ ဂလပ်စကို၊ ရှက်ဖီးလ်တို့ဖြစ်ပြီး ၂ဝ၁၉ ခုနှစ် သြဂုတ်လကနေ စက်တင်ဘာလအထိ ကျင်းပသွားမယ့် အကြောင်း သိရပါ တယ်။
သူ့ရဲ့ပွဲစဉ် အချိန်ဇယားမှာ အခြား ဥရောပနိုင်ငံတွေမှာအရင်ဖျော်ဖြေပြီး အခုကျမှ မန်ချက်စတာပွဲစဉ်ကို နောက်ကြပြီးမှ စီစဉ်ရတာလည်းဆိုတဲ့ ပရိသတ်ရဲ့ဝေဖန်သံတွေကို သူ့အနေနဲ့ပြန်ဖြေရှင်းခဲ့ပုံက ”မန်ချက်စတာပွဲက ကနဦးပွဲစဉ်တွေရဲ့ စာရင်းမှာပါ မလာခဲ့ပါဘူး။ အကြောင်းက မန်ချက်စတာပွဲက အထူးပွဲမို့လို့ သေသေချာချာပြင်ဆင်နေရလို့ပါ”ဆိုပြီး ပရိသတ်ကို ရှင်းပြခဲ့ပါ တယ်။၂ဝ၁၇ ခုနှစ်က အင်္ဂလန်နိုင်ငံ မန်ချက်စတာ အရီနာခန်းမမှာ အာရီယားနားဂရန်းဒေဖျော်ဖြေနေတုန်း ဗုံးဖေါက်ခွဲ ခံခဲ့ရတာကြောင့် ပရိသတ် ၂၂ ဦးသေဆုံးပြီး ၁၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
Ref:CNN