အာရှဖလားခြေစစ်ပွဲအတွက် အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ်ကို ရက်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။
အာဖဂန်နစ္စတန်-မြန်မာ ဒုတိယအကျော့ပွဲစဉ်ကို ၂၀၂၆ ခုနှစ် မတ်လ (၂၆)ရက်နေ့ ရက်ပြောင်းရွှေ့လိုက်သည်ဟု AFC က တရားဝင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါပွဲကို ကနဦးတွင် ယခုနှစ် နိုဝင်ဘာ (၁၈)ရက်၌ ကစားရမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။
ယင်းပွဲရက် ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးဂိမ်းဝင်ပြိုင်မည့် လက်ရွေးစင် ယူ-၂၃ အသင်းဖြင့် ခြေစမ်းကစားသွားရန် ရှိနေကြောင်း သိရသည်။
