Friday, November 7, 2025

ရှမ်းယူနိုက်တက်အသင်း ညမီးကြီး မီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့ကို...

တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်နေသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြကြောင်း သိရသည်။ အသင်း၏ မီးပုံးပျံလွှတ်တင်မှုကို မြန်မာသက္ကရာဇ် ၁၃၈၇...

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံးကို ပြုပြင်ထိန်းသိမ်းရေး ခင်းကျင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်း

ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးခင်းကျင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်းထားသည်ဟု သိရသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ (ဩဂုတ်လ ၁၉) ရက်...

Grade 12 အထိ မတက်လိုပါက...

ပညာရေးကဏ္ဍတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများသည် Grade 12 အထိ မတက်ရောက်လိုပါက Grade -9 အောင်မြင်ပြီးသည်နှင့် စက်မှု၊ စိုက်ပျိုး၊...

AI နည်းပညာအရွေ့နှင့်အတူလိုက်ပါပြီး နိုင်ငံအကျိုးပြု IT...

ပြောင်းလဲတိုးတက်မှုနှုန်းမြန်ဆန်နေသည့် AI နည်းပညာအရွေ့နှင့်အတူလိုက်ပါပြီး နိုင်ငံအကျိုးပြု IT ပညာရှင်များနှင့် သုတေသနများဖြင့်ရှင်သန်သက်ဝင်နေသည့် တက္ကသိုလ်များဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောသည်။ ယမန်နေ့က ကျင်းပသည့်...
HomeInternationalအာဖဂန်နစ္စတန်၌ ကျောင်းသူ ၈၀...

အာဖဂန်နစ္စတန်၌ ကျောင်းသူ ၈၀ ဦးခန့် အဆိပ်ခတ်ခံရ

ကဘူးလ်၊ ဇွန် ၅

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ မူလတန်းကျောင်း နှစ်ကျောင်းတွင် အမည်မသိ လူတစ်စု၏ အဆိပ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသူ ၈၀ ခန့် အဆိပ်သင့်ကာ ဆေးရုံသို့ တင်ထားရကြောင်း ဒေသတွင်းမှ ပညာရေး အရာရှိတစ်ဦးက ဇွန်လ ၄ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဩဂုတ်လတွင် တာလီဘန်တို့ အာဖဂန်နစ္စတန်ကို ပြန်လည်အုပ်ချုပ်ခွင့်ရရှိကာ အမျိုးသမီးနှင့် မိန်းကလေးများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို စတင်ဖြိုခွဲလာပြီးနောက်ပိုင်း ယခုကဲ့သို့ တိုက်ခိုက်မျိုး ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများသည် စနေနှင့် တနင်္ဂနွေနေ့များတွင် ဖြစ်ပွားခဲ့ပြီး ဆန်းချရက် ဒေသရှိ နက်စ်ဝန် အီ ခဘ အက်ဘ် ကျောင်းမှ ကျောင်းသူ ၆၀ ဦးနှင့် နက်စ်ဝန် အဲ ဖိုင်ဇာဘတ် ကျောင်းမှ ကျောင်းသူ ၁၇ ဦး စုစုပေါင်း လူ ၇၇ ဦး အဆိပ်သင့်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှုး မိုဟာမတ် ရာမာနီက ပြောခဲ့သည်။

“မူလတန်းကျောင်း နှစ်ကျောင်းဟာ တစ်ခုနဲ့ တစ်ခု နီးနီးကပ်ကပ် တည်ရှိနေပြီး တစ်ကျောင်းပြီးမှ တစ်ကျောင်း အပစ်ခံခဲ့ရတာပါ” ဟု ရာမနီက အေပီ သတင်းဌာနကို ပြောပြခဲ့သည်။

တာဝန်ရှိသူများသည် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ကြောင်း၊ ကနဦး စုံစမ်းမှုများအရ မလိုမုန်းတီးသူတစ်ဦးက ပြင်ပအဖွဲ့တစ်ခုကို ပိုက်ဆံပေး၍ အဆိပ်ခတ် တိုက်ခိုက်စေခဲ့ကြောင်း သူက ပြောခဲ့သည်။

ကျောင်းသူများ မည်သို့ အဆိပ်ခတ်ခံခဲ့ရပုံနှင့် မည်သို့သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းယူနိုက်တက်အသင်း ညမီးကြီး မီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့ကို လွှတ်တင်

တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်နေသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြကြောင်း သိရသည်။ အသင်း၏ မီးပုံးပျံလွှတ်တင်မှုကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၂ ရက်၌ လွှတ်တင်ခဲ့ကြသည်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံးကို ပြုပြင်ထိန်းသိမ်းရေး ခင်းကျင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်း

ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးခင်းကျင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်းထားသည်ဟု သိရသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ (ဩဂုတ်လ ၁၉) ရက် ရက်စွဲဖြင့် ခွင့်ပြုချက်အရ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၂၅) ဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ထုတ်ပြန်ထားသည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ၏ ပြုပြင်ထိန်းသိမ်းရေးကော်မတီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ်ဆောင်ရွက်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊...

Grade 12 အထိ မတက်လိုပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်

ပညာရေးကဏ္ဍတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများသည် Grade 12 အထိ မတက်ရောက်လိုပါက Grade -9 အောင်မြင်ပြီးသည်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်သည့် ကျောင်းများရှိနေကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။ ထိုကျောင်းများမှတဆင့် အဆင့်မြင့် စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြားနိုင်မည်လည်း ဖြစ်သည်။ လက်ရှိ၌ စိုက်ပျိုး‌‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ ဖွင့်လှစ်ထားရှိမှုအနေဖြင့် (၈၉)ကျောင်း ရှိလာကြောင်း သိရသည်။ ထိုကျောင်းများကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အရည်အသွေးပြည့်ဝသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071