ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက်မယ့် အာဇာနည်နေ့မှာ အာဇာနည် ခေါင်းဆောင်ကြီး များအားရည်စူးပြီး အမျှပေးဝေခြင်းနဲ့ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပွဲကို နေပြည်တော်ကောင်စီဝင်း အတွင်းမှာ ကျင်းပသွားရန် စီစဉ် နေတယ်လို့ နေပြည်တော်ကောင်စီရုံးက နေသိရ ပါတယ်။
(၇၄)နှစ်မြောက်အာဇာနည်နေ့မှာ ဆရာတော် သံဃာတော်ကြီး(၉)ပါးကိုပင့်ဖိတ်ပြီး အာဇာနည်ခေါင်းဆောင်ကြီး များအား ရည်စူး အမျှပေးဝေခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နေပြည်တော်ကောင်စီရုံးဝင်း အတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ကျင်းပနိုင်ရေး စီစဉ် ရာမှာ တော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက် အကွာအဝေးများ အတိုင်း ဆောင်ရွက် သွား မယ်လို့ ဆိုပါတယ်။
“(၇၄)နှစ်မြောက် အာဇာနည်နေ့တွင် ဆရာတော်သံဃာတော်ကြီး(၉)ပါးကို ပင့်ဖိတ်၍ အာဇာနည်ခေါင်းဆောင်ကြီး များအား ရည်စူး အမျှပေးဝေခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားတဲ့ စည်းကမ်း ချက်များ၊ သတ်မှတ် အကွာအဝေးများ အတိုင်း စီစဉ် ဆောင်ရွက်ထားရှိဖို့လိုပါတယ်။ COVID-19 ရောဂါဖြစ်ပွားနေချိန် ကာလဖြစ်တဲ့အတွက် အခမ်းအနားကို တက်ရောက်မဲ့ အင်အားကိုလည်း တတ်နိုင်သလောက် လျော့ချဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆပ်ကော်မတီ အသီးသီး အနေနဲ့လည်း မိမိ တို့ဆောင်ရွက်ရမဲ့ ကဏ္ဍတွေအလိုက် စနစ်တကျစီစဉ် ဆောင်ရွက် သွားကြဖို့ လိုပါတယ်” လို့ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး က ပြောပါတယ်။