Wednesday, January 22, 2025

ကာဗွန်အခွန်စည်းကြပ်မည့် ကိစ္စ ထိုင်းအစိုးရ အတည်ပြု

ထိုင်းနိုင်ငံသည် ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ကာဗွန်ဓါတ်ငွေ့ တစ်တန် ထုတ်လွှတ်လျှင် ဘတ် ၂၀၀ ကာဗွန်ခွန် စည်းကြပ် ကောက်ခံ ရန်...

ငွေလိမ်ဂိုဏ်းများအမြစ်ပြတ်နှိမ်နင်းရန် တရုတ်၊ မြန်မာနှင့် ထိုင်း...

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီလ ၂၁ ရက်ကကျင်းပ ပြုလုပ်ခဲ့သော အစည်းအဝေး၌ အွန်လိုင်းငွေလိမ်ဂိုဏ်းမျာကို အမြစ်ပြတ်နှိမ်နင်းသွားရေးအတွက် တရုတ်၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့မှ...

၂၀၂၄ ခုနှစ်တွင် RCEP နိုင်ငံများနှင့်...

၂၀၂၄ ခုနှစ်တွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၃၄ ဒဿမ ၅၂...

လွိုင်ကော်တက္ကသိုလ်ပြုပြင်ရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကိုသုံးစွဲသွားမည်

လက်နက်ကိုင်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော လွိုင်ကော်တက္က သိုလ်မှအဆောက်အဦးများကိုပြန်လည်ပြုပြင်ရာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကိုသုံးစွဲသွားမည်ဟု နစက အတွင်းရေး မှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြောသည်။ ၎င်းမှ ဇန်နဝါရီ ၂၁ ရက်နံနက်ပိုင်းက...
HomeNewsLocal Newsအာဇာနည်နေ့၌ရန်ကုန်မြို့တွင် ယာယီလမ်းပိတ်/လမ်းလွဲများရှိ၍လမ်း​ရွေးမောင်းပါ

အာဇာနည်နေ့၌ရန်ကုန်မြို့တွင် ယာယီလမ်းပိတ်/လမ်းလွဲများရှိ၍လမ်း​ရွေးမောင်းပါ

(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင်ကျင်းပမည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၄ နာရီမှ အခမ်းအနားပြီးဆုံးသည်အထိ(ခန့်မှန်း မနက် ၈နာရီထိ) အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှ၊ ဓမ္မစေတီလမ်းအား ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံမှ၊ ဓမ္မစေတီလမ်းအား အင်းယားမြိုင်လမ်းဆုံမှ၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းနှင့်ဦးဝိစာရလမ်းဆုံမှ၊ အာဇာနည်လမ်းအား ဦးထောင်ဘိုလမ်းနှင့်အာဇာနည်လမ်းဆုံမှ၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်း ဆုံအထိနှင့်ရွှေတိဂုံဘုရားမြောက်ဘက်မုခ်(သွေးဆေးကန်)လမ်းတို့အား ယာယီလမ်းပိတ်/လမ်းလွှဲပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ဖွင့်လှစ်မည့်နေရာအား ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နံနက် ၅ နာရီမှည ၆ နာရီအတွင်း နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ၊ နတ်မောက်လမ်းအား ဖိုးစိန်လမ်းဆုံမှ၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းနှင့်ဆုံရာမှ၊ ဗိုလ်ချိုလမ်းအား ရွှေကြက် ယက်လမ်းဆုံမှ၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား စောမဟာလမ်းဆုံတို့မှ ယာယီပိတ်ကာ လမ်းပိတ်/လမ်းလွှဲပြုလုပ်သွားမည်ဖြစ်သည်။

ထို့အတူ အလံတင်အခမ်းအနားကျင်းပမည့် အတွင်းဝန်ရုံးအား ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နံနက် ၅ နာရီမှည ၆ နာရီအတွင်း သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှ၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှ၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံတို့မှ လမ်းပိတ်ထားမည်ဖြစ်သည်။

အခမ်းအနားချိန်သာ ပိတ်မည်ဖြစ်ပြီး အ​လေးပြုအခမ်းအနားပြီးပါက မနက် ၈နာရီခန့်တွင်ပြည်သူများကို​ ဝန်ကြီးများရုံးသို့ပေးဝင်မည်ဖြစ်သည်။ ယမန်​နေ့မနက်က အစမ်း​လေ့ကျင့်ခြင်းရှိ​နေ၍ခဏပိတ်ခြင်းဖြစ်သည်။

ထို့ကြောင့်အခမ်းအနားကျင်းပစဉ် လမ်းပိတ်လမ်းလွှဲဆောင်ရွက်နေသည့်အချိန်များ၌ အခြားလမ်းများကို​ရွေးချယ်မောင်းနှင်သွားလာကြရန် နှိုးဆော်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကာဗွန်အခွန်စည်းကြပ်မည့် ကိစ္စ ထိုင်းအစိုးရ အတည်ပြု

ထိုင်းနိုင်ငံသည် ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ကာဗွန်ဓါတ်ငွေ့ တစ်တန် ထုတ်လွှတ်လျှင် ဘတ် ၂၀၀ ကာဗွန်ခွန် စည်းကြပ် ကောက်ခံ ရန် အင်္ဂါနေ့တွင် အစိုးရအဖွဲ့က သဘောတူလိုက်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Paopoom Rojanasakul က ပြောကြားသည်။ သို့သော်လည်း လက်ရှိ ရေနံအခွန်တွင် ပါဝင်လာမည်ဖြစ်သော အခွန်ကောက်ခံမှုသည် ရေနံနှင့် ရေနံထွက်ကုန်များ၏ လက်လီဈေးနှုန်းကို ထိခိုက်မည်မဟုတ်ကြောင်း မစ္စတာ Paopoom က ပြောကြားခဲ့သည်။ ကာဗွန်ဈေးနှုန်းသတ်မှတ်ခြင်းသည် စက်မှုကဏ္ဍ၏ ကုန်ကျစရိတ်ကို ထိခိုက်မည်မဟုတ်သကဲ့သို့ လောင်စာဆီ ၏...

ငွေလိမ်ဂိုဏ်းများအမြစ်ပြတ်နှိမ်နင်းရန် တရုတ်၊ မြန်မာနှင့် ထိုင်း သဘောတူ

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီလ ၂၁ ရက်ကကျင်းပ ပြုလုပ်ခဲ့သော အစည်းအဝေး၌ အွန်လိုင်းငွေလိမ်ဂိုဏ်းမျာကို အမြစ်ပြတ်နှိမ်နင်းသွားရေးအတွက် တရုတ်၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ သဘောတူညီမှု ရရှိခဲ့သည်ဟု တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြခဲ့သည်။ ထိုအစည်းအဝေးမှာပင် မြန်မာ၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အာဏာပိုင်များသည် ရာဇဝတ်ဂိုဏ်းများ၏ ခေါင်းဆောင်များကို ဖမ်းဆီးရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖျက်သိမ်းရေးနှင့် ပိတ်မိနေသူများကို ကယ်တင်ရန်အတွက် အစွမ်းကုန်ညှိနှိုင်းဆောင်ရွက်သွားကြရန်လည်း သဘောတူညီခဲ့ကြသည်ဟု စီစီတီဗီက ဆိုခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး ပျောက်ဆုံးခဲ့သော တရုတ်သရုပ်ဆောင်တစ်ဦး၏...

၂၀၂၄ ခုနှစ်တွင် RCEP နိုင်ငံများနှင့် ကမ္ဘောဒီးယား၏ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃၄ ဒဿမ ၅၂ ဘီလျံ ရှိခဲ့

၂၀၂၄ ခုနှစ်တွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၃၄ ဒဿမ ၅၂ ဘီလျံအထိရောက်ရှိခဲ့ကာ ၂၀၂၃ ခုနှစ်က ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂၉ ဒဿမ ၃၂ ဘီလျံထက် ၁၇ ဒဿမ ၇ ရာခိုင်နှုန်း ပိုခဲ့သည်ဟု တနင်္လာနေ့က တရားဝင်သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘောဒီးယားက အဖွဲ့ဝင် RCEP နိုင်ငံများသို့ ပို့ကုန်တင်ပို့ခဲ့မှု တန်ဖိုးသည် ၉ ဒဿမ ၀၆...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071