ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ် မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ပြီး အလှူဒါနပြုအမျှပေးဝေခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူကာ (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအ နားကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်လကြီးဦးမောင်မြင့်၊ ဗဟိုကော်မတီ ဒု-ဥက္ကဋ္ဌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်တို့တက်ရောက်ကြည်ညိုပူဇော်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြပြီးလှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်း၍ အနုမောဒနာတရားနာယူပြီး ကျဆုံးလေပြီးသော ဗိုလ် ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
