အာဆီယံယူ-၁၉ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် တစ်ပွဲသရေ တစ်ပွဲရှုံးရလဒ်ထွက်ပေါ်နေပြီဖြစ်သည်။
ယနေ့ ဒီဇင်ဘာ (၂၄)ရက် အုပ်စု ဒုတိယပွဲစဉ်၌ မြန်မာနှင့် အင်ဒိုနီးရှားအသင်းတို့ ကစားရာ (၄) ဂိုး (၁)ဂိုးရလဒ်ဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အုပ်စုအဖွင့်ပွဲစဥ်၌ မြန်မာနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် (၃)ဂိုးစီဖြင့် သရေကျခဲ့သည်။
မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၂၅) ရက်တွင်ကမ္ဘောဒီးယားအသင်းဖြင့် ယှဉ်ပြိုင်ကစားရဦးမည်ဖြစ်သည်။
