အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ-၁၆ ဖူဆယ်အသင်းဖွဲ့စည်းရန် လူရွေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လာမည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ မြန်မာ့လက်ရွေးစင်း ယူ-၁၆ ဖူဆယ်အသင်းကို ဖွဲ့စည်းသွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ကျင်းပြီးစီးခဲ့သည့် FIFA/ MFF U16 Fut sal Youth League မှ ကစားသမား (၃၉)ဦးကို ပဏာမ ကစားသမားများအဖြစ် ရွေးချယ်ထားပြီး စခန်းသွင်းလေ့ကျင့်နိုင်ရန်အတွက် လာမည့် အောက်တိုဘာ (၁၀) ရက်နှင့် (၁၁) ရက်တို့တွင် လူရွေးပွဲများ ကျင်းပသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ ဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် မြန်မာ့လက် ရွေးစင်ကစားသမားဟောင်း၊ လက်ရွေးစင်အသင်း လက်ထောက်နည်းပြဟောင်းနှင့် ဘင်္ဂလားဒေ့ရှ် လက်ရွေးစင်လက် ထောက်နည်းပြအဖြစ် ဆောင်ရွက်ဖူးသော ဦးကျော်ဇင်ညွှန့်မှ တာဝန်ယူ ကိုင်တွယ်သွားမည် ဖြစ် ကြောင်း သိရသည်။
