Wednesday, April 23, 2025

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့်...

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI...

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး...

ထိုင်းကပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်ကွယ်လွန်သည့်အတွက်ဝမ်းနည်း

ထိုင်းနိုင်ငံတစ်ဝန်းရှိ ဘာသာရေးခေါင်းဆောင်များ နှင့်အစိုးရ အဖွဲ့ဝင်များသည် အီစတာတနင်္လာနေ့တွင် ကွယ်လွန်ခဲ့သော အသက် (၈၈) နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးမှုကို...

လားရှိုးတွင် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ဖွယ်ရှိဟုဆို

ရှမ်း/မြောက် လားရှိုးမြို့တွင် လာမည့် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ဖွယ်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ တပ်မတော်က လားရှိုးမြို့သို့ ဝင်ရောက်လာပြီး တပ်နေရာချထားမှုများကို စတင်...
HomeNewsLocal Newsအာဆီယံ-မော်စကို ကော်မတီအစည်းအဝေးသို့ မော်စကိုမြို့အခြေစိုက်သံရုံးအကြီးအကဲများ၊ယာယီတာဝန်ခံများနှင့်အတူ...

အာဆီယံ-မော်စကို ကော်မတီအစည်းအဝေးသို့ မော်စကိုမြို့အခြေစိုက်သံရုံးအကြီးအကဲများ၊ယာယီတာဝန်ခံများနှင့်အတူ မြန်မာသံအမတ်ကြီးဦးလွင်ဦး တက်ရောက်

ရုရှားနိုင်ငံ၊မော်စကိုမြို့ရှိ Metropol Hotel တွင် ၂၀၂၂ ခုနှစ်၊အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံသံရုံးကကြီးမှူး၍ အာဆီယံ-မော်စကိုကော်မတီအစည်းအဝေးကျင်းပခဲ့သည်။

အစည်းအဝေးအား ဒီဇင်ဘာ ၁၆ ရက်ကကျင်းပရာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးသည် မော်စကိုမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊သံရုံးယာယီတာဝန်ခံများနှင့်အတူ တက်ရောက်ခဲ့သည်။

အာဆီယံနိုင်ငံသံရုံးများနှင့်ရုရှားနိုင်ငံ၊နိုင်ငံခြား ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ၊အခြားအဖွဲ့အစည်းများကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊အခြားကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်အား အင်ဒိုနီးရှားနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ခရိုင်အတွင်း အရေးပေါ်အခြေအနေ ကြေငြာထားရကြောင်း အုပ်ချုပ်ရေးမှူး၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများထဲတွင် ရုရှားတပ်ဖွဲ့တစ်ဖွဲ့မှ တပ်သားများ၊ရွာ ၇ ရွာနှင့် နွေရာသီအပန်းဖြအိမ် ၁၂ လုံးမှပြည်သူများပါဝင်သည်ဟုသိရသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများကို လိုအပ်သည့်အရာအားလုံးကိုထောက်ပံ့ပေးထားပြီး အများစုသည် ယာယီစခန်းများ၌နေနေကြသော်လည်း အချို့ကမူ ဆွေမျိုးများထံသွားနေနေကြသည်ဟုလည်း အာဏာပိုင်များကဆိုသည်။ ‌ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ လက်နက်သိုလှောင်ရုံ၌ မီးလောင်ခြင်းကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ပေါက်ကွဲစေသောပစ္စည်းများနှင့်လုပ်ကိုင်နေစဉ်အတွင်း လုံခြုံရေးစီမံချက်များပေါ့လျော့ခြင်းကြောင့်လည်းပါသည်ဟုဆိုသည်။ Source : ရှင်းဟွာ

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI ဗီဒီယိုဂျင်န‌ရေတာကို မိတ်ဆက်

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး ဗီဒီယိုထုတ်လုပ်သည့် မိုဒယ်များကို ယှဉ်ပြိုင်မှုတွင် ပိုမိုပြင်းထန်လာသော အချိန်တွင် “ကမ္ဘာ့စွမ်းအားအကြီးဆုံး” ဟု ကြွေးကြော်ခဲ့သည်။ “ဒါက ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံး ဗီဒီယိုဖန်တီးမှုမျိုးဆက် မိုဒယ်ဖြစ်ပါတယ်” ဟု Kuaishou အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဂိုင်ခွန်က ပေကျင်းတွင်ကျင်းပသည့် ကော်ပိုရိတ်အစည်းအဝေးပွဲတစ်ခုတွင် Kling AI 2.0 ကို မိတ်ဆက်ရာတွင် ပြောကြားခဲ့သည်။ ယခုအချိန်တွင် Kling...

ထိုင်းကပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်ကွယ်လွန်သည့်အတွက်ဝမ်းနည်း

ထိုင်းနိုင်ငံတစ်ဝန်းရှိ ဘာသာရေးခေါင်းဆောင်များ နှင့်အစိုးရ အဖွဲ့ဝင်များသည် အီစတာတနင်္လာနေ့တွင် ကွယ်လွန်ခဲ့သော အသက် (၈၈) နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးမှုကို ဖေါ်ပြခဲ့ကြသည်။ ထိုင်းအစိုးရကနိုင်ငံတော်အလံများကို တိုင်တစ်ဝက်ထားပြီး သုံးရက်ကြာ လွှင့်ထူရန် အမိန့်ထုတ်ထားသည်။ ထိုင်းနိုင်ငံ၏ ဗုဒ္ဓဘာသာ သာသနာပိုင်ချုပ် ဆရာတော်ကြီး စုံဒက်ဖရအရီယဝံ့သဂတနာနာသည် 2025 ခုနှစ် ဧပြီလ (22) ရက်နေ့တွင် ဝတ်ရာဇဗုပ်ပစ် သသိမဟာသိမာရံ ဘုရားကျောင်းက ဩဘာစာ ထုတ်ပြန်ခဲ့သည်။ ထိုချီးကျူးသြဘာစာတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းနှင့် ၂၀၁၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071