Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeNewsLocal Newsအာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ...

အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ

အကြိမ်(၆၀)မြောက် အာဆီယံ ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာ(၁၇)ရက်၊ မနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အရေးပါသည့် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားခဲ့သည်။

ထိုပြင် အာဆီယံ အသိုက်ဝန်း ၂၀၄၅ နှင့် အာဆီယံ ပေါင်းစည်းဆက်သွယ်မှု ၂၀၃၀ နှင့်အညီ အာဆီယံ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစီမံကိန်း(၂၀၂၆-၂၀၃၀) ဖော်ဆောင်နိုင်ရေးကိုလည်း ကြိုဆိုကြောင်း၊ အာဆီယံဒေသတွင်း ရေရှည်တည်တံသော ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဆွေးနွေးဖက်နိုင်ငံများ၏ စဉ်ဆက်မပြတ် ပံ့ပိုးမှုသည် များစွာထိရောက်မှုရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အဆိုပါ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် ကျင်းပခဲ့ကြောင်းလည်း သိရသည်။

ယခု တတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် ကျင်းပသည့် အစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် တရုတ်၊ဂျပန်၊ကိုးရီယား နှင့် အီးယူစသည့် ဆွေးနွေးဖက်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းဝေးကို နိုဝင်ဘာ(၁၇)ရက်မှ (၁၉)ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို (၂)ဂိုး(၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ပထမပိုင်းပွဲချိန်အစ (၄)မိနစ်တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းမှာ ဦးဆောင်ဂိုး(၁)ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၈၉မိနစ်တွင် ယွန်းဝတီလှိုင်၏ ဖြတ်တင်ဘောကို မေထက်လူက ဒိုင်ဗင်ထိုး ခေါင်းတိုက်ပြီး အသင်းအတွက် အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သည်။ ဖိလစ်ပိုင်အသင်းဘက်ကလည်း ချေပဂိုး(၁)ဂိုး သွင်းယူခဲ့သည်။ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်၌ပင် အနိုင်ကစားပြနိုင်ခဲ့သဖြင့် ပရိသတ်၏အားပေးမှုကို တခဲနက်...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄ မိနစ်အရောက်မှာ စတင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲအတွင်း ပထမဆုံးယှဉ်ပြိုင် ကစားကြသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။ ပွဲစဉ်အပြီး မြန်မာအသင်း အနိုင်ကစားနိုင်မည်လားဆိုသည်ကို မြန်မာပရိတ်သတ်များ စောင့်ဆိုင်း အားပေးနေကြပြီး ပွဲမစခင်ကွင်းအတွင်းတွင်လည်း မြန်မာအမျိုးသမီးဘောလုံးအသင်းကို လာရောက်နှုတ်ဆက်ခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။ ဓာတ်ပုံ- i...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times City Complex ဝန်ထမ်းများပူးပေါင်းကာ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး ပူးပေါင်းလေ့ကျင့်ခြင်း (Fire Safety Drill) ကို နံနက် ၁၀ နာရီ၌ Times City Jewellery Mall ရှေ့တွင် လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ အဆိုပါ လက်တွေ့သရုပ်ပြ လေ့ကျင့်မှုကို မီးသတ်ဌာနချုပ်မှ INSARAG medium Team တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအတွက် အထူးလေ့ကျင့်ထားသည့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အပါအဝင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071