အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ကျင်းပပြုလုပ်မည့် အာဆီယံကလပ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် VAR စနစ်( ရုပ်သံအကူ ဒို င်လူကြီး) ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကို မေလ (၄)ရ က်နှင့် (၅)ရက်တို့ တွင် VAR Kick-Off Meeting များပြု လုပ်၍ ဒိုင်နှင့် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း MFF ထံမှ သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် FIFA, AFF တာဝန်ရှိသူများ၊ VAR စနစ်တာဝန်ယူထားသည့် ကျွမ်းကျင်သူများ၊ လုပ်ငန်းအေဂျ င်စီနှင့် ဒေသတွင်း နိုင်ငံများမှ ပြိုင်ပွဲကျင်းပရေးနှင့် ဒိုင်လုပ် ငန်း တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
VAR စနစ်( ရုပ်သံအကူ ဒိုင်လူကြီး)အား ၂၀၁၉ -၂၀၂၀ ရာ သီ ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ယူရို -၂၀၂၀ ပြိုင်ပွဲတွင် ယင်းစ နစ်အား စတင်အသုံးပြုခဲ့ကြပြီး ၂၀၁၈ -၂၀၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း စမ်းသပ်အသုံးပြုခဲ့ကြကြော င်း သိရသည်။