Sunday, January 25, 2026

ရွေးကောက်ပွဲ အပိုင်း (၃) စတင်ပြီ

ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အမှတ်(၇)ရပ်ကွက်(အနောက်) မဲရုံအမှတ်(၁)မဲရုံမြင်ကွင်းများဖြစ်ပါသည်။ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးတွင်...
HomeNewsLocal Newsအာဆီယံဥက္ကဋ္ဌ နှင့် နစက...

အာဆီယံဥက္ကဋ္ဌ နှင့် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ထိုင်းနိုင်ငံတွင် တွေ့ဆုံမည်

အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားသော မလေးရှားနိုင်ငံ ဝန်ကြီးချုပ်သည် ယခုသီတင်းပတ်အတွင်းတွင် ထိုင်းနိုင်ငံ၌ နစက ဥက္ကဌ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။

ဆေးဝါးအကူအညီများ ပေးအပ်ခြင်းအပါအဝင် အကူအညီ ပေးအပ်ရေးကို လွယ်ကူချောမွေ့စေရန် အစည်းအဝေးကိုပြုလုပ်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဒတုခ် စရီ အန်ဝါ အီဘရာဟင် က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် ကီလာနတန် ရေကြီးမှုအခြေအနေများ၊ အထူးသဖြင့် စုန်ဂါရီဂိုလိုခ်-ရန်တော်ပန်ဂျန် ပဋိပက္ခအရေးပြဿနာများကို ဖြေရှင်းရန်အတွက် အန်ဝါက အာဆီယံ အလွတ်သဘောကော်မတီ အကြံပေး သက်ဆင်ရှင်နာဝပ် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုန်ထန် ရှင်နာဝပ် တို့နှင့်လည်း ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အာဆီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီမှု အချက်ငါးချက် ဟာ ဆက်ပြီး ရှိနေပေမယ့် လက်ရှိကြုံတွေ့နေရတဲ့ ပြင်းထန်တဲ့ငလျင်ဘေးဒဏ်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလွယ်ကူချောမွေ့စွာ ပေးနိုင်စေဖို့ ခုတွေ့ဆုံမှုက ရည်ရွယ်ပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ လစဉ်အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ပါသည်။

မည်သို့ဆိုစေ အာဆီယံ ဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်သည် ဗိုလ်ချုပ်မှူးကြီးကို အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် တိုက်တွန်းသွားမည် ဟု သိရသည်။

နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ပြီးခဲ့သည့် ဧပြီ (၄) ရက်နေ့တွင် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် BIMSTEC ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး
BIMSTEC အဖွဲ့ဝင်နိုင်ငံအကြီးအကဲများဖြစ်သည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် H.E.Ms.Paetongtarn Shinawatra ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြံပေးပုဂ္ဂိုလ်ချုပ် Dr. Muhammad Yunus ၊ ဘူတန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Tshering Tobgay ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi ၊ နီပေါနိုင်ငံဝန်ကြီးချုပ် H.E.Mr. KP Sharma Oli ၊ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya နှင့် တွေ့ဆုံခဲ့သေးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071