Sunday, November 9, 2025

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ...

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား...

အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက် 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင်တွင် ယနေ့ နိုဝင်ဘာ ၉ ရက်နံနက် ၉ နာရီခွဲခန့်က အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်တပ်ဖွဲ့စခန်းအပိုင်...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ နိုဝင်ဘာ ၈ ရက်က FX...
HomeNewsLocal Newsအာဆီယံအသိုက်အဝန်းထူထောင်ရေးကြိုးပမ်းမှုအရှိန်အဟုန်အား ဆက်လက်ထိန်းသိမ်းထားနိုင်မည်ကိုယုံကြည်ဟု အာဆီယံထိပ်သီးအစည်းအဝေး၏ဆက်စပ်အစည်းအဝေးများတွင်...

အာဆီယံအသိုက်အဝန်းထူထောင်ရေးကြိုးပမ်းမှုအရှိန်အဟုန်အား ဆက်လက်ထိန်းသိမ်းထားနိုင်မည်ကိုယုံကြည်ဟု အာဆီယံထိပ်သီးအစည်းအဝေး၏ဆက်စပ်အစည်းအဝေးများတွင် အမြဲတမ်းအတွင်းဝန်ပြော

အာဆီယံအသိုက်အဝန်းထူထောင်ရေးကြိုးပမ်းမှုအရှိန်အဟုန်အား ဆက်လက်ထိန်းသိမ်းထားနိုင်မည်ကိုယုံကြည်ဟု အောက်တိုဘာ ၂၈ ရက်ကကျင်းပသည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ဆက် စပ်အစည်းအဝေးများတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်က ဆွေးနွေးပြောကြားခဲ့သည်။

အာဆီယံသည် မိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရာတွင် တစ်ပေါင်းတစ်စည်းတည်းသော အာဆီယံအဖြစ်သာ ရပ်တည်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် ပူးလပေါင်းဆောင်ရွက်မှု မူဘောင်အတွင်းမှ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်အသင့်ရှိသည်ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံ၏ တာဝန်ကျေပွန်သော အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အဆက်ဆက်သော အာဆီယံအလှည့်ကျဥက္ကဋ္ဌများနှင့် ၎င်းတို့၏ ဦးဆောင်ဦးရွက်ပြုမှုများကို အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့သကဲ့သို့ ဖိလစ်ပိုင်နိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်မှုအပေါ်အပြည့်အဝထောက်ခံသည်ဟုလည်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၈ ရက်က အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ(၃.၀)အဆင့်မြှင့်တင်ခြင်း လက်မှတ်ရေးထိုးပွဲ၊ (၂၈)ကြိမ်မြောက် အာဆီယံ-တ ရုတ်ထိပ်သီးအစည်းအဝေး၊ (၂၂)ကြိမ်မြောက် အာဆီယံ-အိန္ဒိယထိပ်သီးအစည်းအဝေး၊ အာဆီယံ-နယူးဇီလန်မိတ်ဖက်ဆက်ဆံရေး နှစ်(၅၀)ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၊ အာဆီယံ-နယူးဇီလန် ဂုဏ်ပြုနေ့လယ်စာစားပွဲ၊ (၅)ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေး၊ (၂၈)ကြိမ်မြောက် အာဆီယံ-ဂျပန်ထိပ်သီးအစည်းအဝေး၊ (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများပိတ်ပွဲ၊ ဖိလစ်ပိုင်နိုင်ငံသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ပွဲတို့ကို ကျင်းပခဲ့သည်။

မိတ်ဖက်နိုင်ငံများနှင့်ကျင်းပသည့် ထိပ်သီးအစည်းအဝေးများ၌ သက်ဆိုင်ရာလုပ်ငန်းအစီအစဉ်အောက်တွင် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ဦးဆောင်ဦးရွက်ပြုမှုများဖြင့် ဒေသတွင်းနှင့် ဒေသလွန်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အတူတကွပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ သွားရောက်မည်ဟု ထရမ့်က ပြောကြားပြီး ‘သူဟာ ကျွန်တော့် မိတ်ဆွေတစ်ဦးပါ’ ဟုလည်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ အိန္ဒိယသို့သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊ ၎င်းသည် နှစ်နိုင်ငံကုန်သွယ်ရေး အငြင်းပွားမှုတွင် ပြေလည်မှုရနိုင်သည့် လက္ခဏာတစ်ခုလည်း ဖြစ်သည်။ "သူက ကျုပ်ရဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ပါ၊ ကျုပ်တို့ စကားပြောကြပါတယ်။ သူက ကျုပ်ကို အဲဒီကို လာဖို့ တောင်းဆိုထားတာမို့ ကျုပ်တို့ စီစဉ်ပြီး သွားမယ်" ဟု ထရမ့်က ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး...

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား အတူတကွရင်ဆိုင်ကျော်ဖြ-တ်သွားမည်ဖြစ်ကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးအခက်အခဲများကို အတက်နိုင်ဆုံးဖြည့်ဆည်းပေးသွားမည်ဟု တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်မှ စစ်ကိုင်းခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌထံ စစ်ကိုင်းမြို့နယ်ရှိ ငလျင်ဒ-ဏ်သင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ် (၅၀,၅၇၂) သန်း၊ တိုင်းလူမှုရေးရာဝန်ကြီးက စစ်ကိုင်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနခရိုင်ဦးစီးမှူးထံ ငလျင်ဒ-ဏ်သင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ သံ၊ သွပ်များကိုလွှဲပြောင်းပေးအပ်ခဲ့သည်။  လက်ရှိအချိန်၌ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့်...

အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက် 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင်တွင် ယနေ့ နိုဝင်ဘာ ၉ ရက်နံနက် ၉ နာရီခွဲခန့်က အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၆၅/၁ နှင့် ၆၅/၂ ကြားတွင် SOUEAST (အနက်ရောင်) အိမ်စီးကားသည် အချက်ပြမီးဖွင့်၍ ညာဘက်လမ်းဘေး၌ရပ်ထားစဉ် NISSAN CONDOR (အပြာရောင်) ကုန်တင်ကားမှ အရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိပြီး ကုန်တင်ကားမှာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များကကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး ဖြစ်စဥ်ကြောင့် အိမ်စီးကားပေါ်မှ အမျိုးသမီး (၁) ဦးတွင် ထိခိုက်ဒ-ဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071