Tuesday, January 13, 2026

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန်...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား...

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ...

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊...
HomeNewsLocal Newsအာဆီယံအဖွဲ့သည် စစ်ရေးမဟာမိတ်အုပ်စုမဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏...

အာဆီယံအဖွဲ့သည် စစ်ရေးမဟာမိတ်အုပ်စုမဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးပေါင်းစည်းအင်အားမှာ ကြီးမားကြောင်း နစကဥက္ကဋ္ဌပြော

မြန်မာနိုင်ငံရှိ နေရာဒေသအများစုအား အဘက်ဘက်မှတည်ငြိမ်မှုရှိရန် ဆောင်ရွက်ထားနိုင်ပြီဖြစ်ကြောင်း နစက ဥက္ကဋ္ဌမှ သြဂုတ် ၁၅ ရက်က ရုရှားနိုင်ငံ၊မော်စကိုမြို့ရှိ ရုရှားတပ်မတော်မျိုးချစ်ပန်းခြံတွင်ပြုလုပ်ခဲ့သည့် (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)သို့ Video Message ပေးပို့၍ မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊စီးပွားရေး၊လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မိမိတို့အနေဖြင့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကျင်းပကာ အနိုင်ရရှိသော နိုင်ငံရေးပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းနိုင်ရန် နိုင်ငံတစ်ဝန်းလုံခြုံမှုရှိစေရေး၊တည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေးနှင့်နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။

ထို့အတူ အာဆီယံအဖွဲ့သည် စစ်ရေးမဟာမိတ်အုပ်စုမဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးပေါင်းစည်းအင်အားမှာ ကြီးမားလှပြီး စစ်ရေးအတွေ့အကြုံရှိသည့် ဗီယက်နမ်၊မြန်မာနှင့်စွမ်းပကားထက်မြက်သော လက်နက်များ ပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အားသည် ကမ္ဘာကြီးအတွက်အသင့်အတင့်အားထားနိုင်သော အခြေအနေတွင်ရှိသည်ဟု ဆိုသည်။

အာဆီယံအဖွဲ့သည် အာရှ-ပစိဖိတ်ဒေသအတွင်း ပြင်ပအင်အားကြီးနိုင်ငံများနှင့်ထိတွေ့ဆက်ဆံရာတွင် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၊အာဆီယံအပေါင်းသုံးအစရှိသည့် အာဆီယံနှင့်ပြင်ပမိတ်ဖက်နိုင်ငံများကြား ဆွေးနွေးပွဲယန္တရားများတွင် အာဆီယံသည် အဓိကအချက်အချာကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအပေါ်  ဩဇာသက်ရောက်လျက်ရှိပြီး ငြိမ်းချမ်းသောဆက်ဆံရေးလမ်းကြောင်းများကို အားပေးမြှင့်တင်ကာ အကျိုးတူကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားကောင်းစေလျက်ရှိသည်ဟု ဆိုသည်။

ထို့ကြောင့် အာဆီယံ၏စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့်သာယာဝပြောရေးတို့ကို ဖော်ဆောင်ရာတွင် မရှိမဖြစ်အထူးအရေးပါနေသည်ကို တွေ့ရှိရမည်ဟု ဆိုသည်။

ထိုသို့ အာဆီယံ၏ စည်းလုံးညီညွတ်မှုခိုင်မြဲနေသမျှ အာဆီယံသည်
အာရှ-ပစိဖိတ်ဒေသအတွက် အရေးပါသည့် အင်အားအဖြစ်ရှိနေမည်ဖြစ်ကာ အာဆီယံအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင်နိုင်ငံများကြား စည်းလုံးညီညွတ်မှုကို အားကြိုးမာန်တက်ဖော်ဆောင်နေချိန်၌ တစ်ဖက်တွင်လည်း အဆိုပါစည်း လုံးညီညွတ်မှုကို စိန်ခေါ်နေသောခြိမ်းခြောက်မှုများလည်းရှိနေသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ ၁၃ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကင်ညာနိုင်ငံသား(၅၉)ဦး၊ ယူဂန်ဒါနိုင်ငံသား(၂၀)ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား(၁၃)ဦး၊ ကင်မရွန်းနိုင်ငံသား(၃) ဦး၊ ဂါနာနိုင်ငံသား(၃)ဦး၊ ဆီရီရာလီယွန်နိုင်ငံသား(၂) ဦး၊ လိုင်ဘေးရီးယားနိုင်ငံသား(၁)ဦး၊ မာလာဝီနိုင်ငံ သား(၁)ဦးနှင့် ဘူရွန်ဒီနိုင်ငံသား(၁)ဦးတို့အား မြန်မာ- ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေ 

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်ကကျင်းပသည့် လူငယ်ငြိမ်း ချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝအတွက် အခြေခံအကျဆုံးဖြစ်ကာ တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အနှုတ်လက္ခဏာဆောင်ပြီး နိုင်ငံတည်ငြိမ်မှုကိုထိခိုက်စေနိုင်သဖြင့် မငြိမ်းချမ်းပါက ဆိုးကျိုးများနှင့်သာတွေ့ကြုံရမည်ကိုသိထားရကြမည်ဟု ပြောသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား သာသနာပြုလုပ်ငန်းများအတွက်ရည်စူးကာ သီတဂူဆရာတော်ကြီးထံသို့ လှူဒါန်းခြင်းဖြစ်ကာ အင်းစိန်ရွာမဆရာတော်ကြီး (ကိုယ်စား) ဆရာတော်ကြီး၏တပည့်များမှ သီတဂူဆ ရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071