ကုန်သွယ်ရေးက မရေရာမသေချာသဖြင့် ခံနိုင်ရည်ရှိစေရန်အတွက် ဒေသတွင်း ဘဏ္ဍာရေးကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံ(အာဆီယံ+၃) မှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက ကတိပြုခဲ့ကြသကဲ့သို့ ဖိလစ်ပိုင်သည်လည်း ၎င်း၏ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးကို တိုးမြင့်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။
စီးပွားရေးကို အပိုင်းပိုင်းကွဲပြားကာ လပ်ဆောင်နေခြင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်း အရင်းအနှီးစီးဆင်းမှုတို့ကို ထိခို-က်စေနိုင်သည့် ကုန်သွယ်မှုဆိုင်ရာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ကို အရှိန်မြင့် တင်နေသည်ဟု (အာဆီယံ+၃) ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
“မြင့်တက်နေတဲ့ မသေချာမရေရာမှုတွေ လျော့ကျသွားအောင် တွန်းလှန်ရင်း ဒေသတွင်း စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ၎င်းတို့က ဆက်လက် ပြောကြားခဲ့သည်။
အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပနေသည့် အေဒီဘီ နှစ်ပတ်လည်အစည်းအဝေးတွင် တနင်္ဂနွေနေ့က ၂၈ ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဒေသဆိုင်ရာ အစုအဖွဲ့တွင် အရှေ့တောင်အာရှ(အာဆီယံ) ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်သည်။
ယနေ့အစည်းအဝေးသည် ပိုမိုခံနိုင်ရည်ရှိသော၊ အားလုံးပါဝင်ပြီး အနာဂတ်ကို ရှေ့ရှုသော အာဆီယံ+၃ မျှော်မှန်းချက်အတွက် ကျွန်ပ်တို့၏ တူညီသော မျှော်မှန်းချက်များကို ထပ်လေ-ာင်းအတည်ပြုခဲ့သည်ဟု မလေးရှားဘဏ္ဍာရေးဝန်ကြီး အီအမီရာ ဟမ်ဇာအဇီဇန်က တနင်္ဂနွေနေ့ကအစည်းအဝေးအပြီး၌ ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Ref: ဘီဒဗ္ဗလျူ