အာဆီယံနှင့် ကိုရီးယားနိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအတွက် မြန်မာနိုင်ငံမှ ပူး ပေါင်းဆောင်ရွက်မှုများတိုးမြှင့်မည်ဟု ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့၏ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်က ပြောသည်။
မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်မှ အာဆီယံ-ကိုရီးယားဗဟိုဌာန (AKC) မှ အတွင်းရေးမှူးချုပ် H.E. Ambassador Kim Jae-shin နှင့် နိုဝင်ဘာ ၁၉ ရက်မွန်းလွဲပိုင်းကတွေ့ဆုံစဥ် အထက်ပါအတိုင်း ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းနေ့၌ပင် သံအမတ်ကြီးသည် ဆိုးလ်မြို့ အခြေစိုက် စင်ကာပူသံအမတ်ကြီး H.E. Wong Kai Jiun ၊ ဘရူနိုင်းသံအမတ်ကြီး H.E. Pg Hij Nooriyah ၊ နိုဝင်ဘာ ၂၀ ရက်တွင် ကမ္ဘောဒီးယားသံအမတ်ကြီး H.E. KHUON Phonrattanak တို့နှင့်လည်းတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ရင်းနှီးချစ်ကြည်မှုများတိုးမြှင့်လုပ်ဆောင်နိုင်ရန် ဆွေးနွေးခဲ့သည်။
