ယနေ့အောက်တိုဘာလ ၂၅ရက်နေ့မှ ၂၆ ရက်နေ့အထိ ကွာလာလမ်ပူမြို့ရှိ မလေးရှားအပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနှင့် ပြပွဲဗဟိုဌာန (MITEC) တွင် ကျင်းပသည့် ABIS 2025 တွင် ကမ္ဘာတစ်ဝန်းမှ အစိုးရအကြီးအကဲများ၊ စီးပွားရေးခေါင်းဆောင်များ၊ လုပ်ငန်းရှင်များနှင့် တွေးခေါ်ပညာရှင်များအပါအဝင် ကိုယ်စားလှယ်ပေါင်း ၁,၅၀၀ကျော် တက်ရောက်နေကြသည်။မြန်မာစီးပွါးရေးလုပ်ငန်းရှင်များလည်း အယောက် ၂၀ ကျော်ပါဝင်တက်ရောက်နေကြသည်။
ကမ္ဘာကြီးသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည့်အတွက်အတူတကွ ပူးပေါင်းရပ်တည်ပါက ထွန်းသစ်စကမ္ဘာ့အစီအစဉ်တွင် ပိုမိုခံနိုင်ရည်ရှိမည့် အာဆီယံကို ပုံဖော်နိုင်ကြောင်း အာဆီယံ-BAC ဥက္ကဋ္ဌ တန်စရီနာဇီယာ က ပြောသည်။
Photo-ABIS 2025
