Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်...

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်...

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား...

​ထိုင်းနိုင်ငံရဲ့ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၉...

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ်...

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့်...
HomeInternationalအာကာသမှ ကမ္ဘာပေါ်ထွက်လာတဲ့ သမိုင်းဝင်ဓါတ်ပုံကို...

အာကာသမှ ကမ္ဘာပေါ်ထွက်လာတဲ့ သမိုင်းဝင်ဓါတ်ပုံကို ရိုက်ခဲ့သော အပိုလို ၈ အာကာသယာဉ်မှူး လေယာဉ်ပျ-က်-ကျမှုကြောင့် ကွယ်လွန်ခဲ့

အာကာသကနေ အပြာရောင် စကျင်ကျောက်တုံးတစ်တုံးပမာ ကမ္ဘာလုံးကြီးထွက်ပေါ်လာပုံကို ဓါတ်ပုံရိုက်ယူခဲ့တဲ့ အပိုလို ၈ အာကာသယာဉ်မှူးဟောင်း ဝီလျံ အန်ဒါးစ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဝါရှင်တန်မှာ လေယာဉ်ပျ-က်-ကျမှုတစ်ခုကြောင့် ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။ သူ ကွယ်လွန်ချိန်မှာ အသက် ၉၀ အရွယ်ရှိနေပြီလို့လည်း သိရပါတယ်။

အန်ဒါးရဲ့သားဖြစ်သူ လေတပ်အငြိမ်းစား ဒုဗိုလ်မှူးကြီး ဂရက်အန်းဒါးစ်က လေယာဉ်ပျ-က်-ကျမှုမှာ ဖခင်ဖြစ်သူ ‌ေ-သဆုံးခဲ့ကြောင်းနဲ့ ရုပ်အလေ-ာင်းကို ပြန်တွေ့ခဲ့ပြီဖြစ်ကြောင်း King5 နဲ့ အေပီသတင်းဋ္ဌာနတွေကို အတည်ပြုပြောဆိုခဲ့ပါတယ်။

Orcas ကျွန်းအနီး San Juan ရေလက်ကြား ရေပြင်ကို ခေတ်ဟောင်းမော်ဒယ် လေယာဉ်တစ်စင်း ပျ-က်-ကျန-စ်မြု-ပ်ခဲ့တယ်ဆိုတဲ့ အစီရင်ခံချက်တွေကို တာဝန်ရှိသူတွေ ရရှိခဲ့ကြတယ်လို့ San Juan ကောင်တီအုပ်ချုပ်ရေးရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ လေယာဉ်မောင်းဖြစ်တဲ့ အန်ဒါးစ်တစ်ဦးသာ ပါဝင်ခဲ့တယ်လို့ ဖက်ဒရယ်လေကြောင်းစီမံအုပ်ချုပ်ရေးအဖွဲ့က ပြောဆိုပါတယ်။

အပြာရောင် စကျင်ကျောက်တုံးတစ်တုံးပမာ အာကာသမှ ထွက်ပြူလာတဲ့ ကမ္ဘာရဲ့ အထင်ကရ ဓါတ်ပုံကို ရိုက်ကူးခဲ့သော အပိုလို ၈ လပတ်အာကာသယာဉ်ရဲ့ ပိုင်းလော့တစ်ဦးလို့ အန်ဒါးစ်ကို လူသိများပါတယ်။

သူက ဒီဓါတ်ပုံကို “ကမ္ဘာထွက်ပြူလာခြင်း” လို့ အမည်ပေးခဲ့ပြီး ဒါဟာ သူ့ရဲ့ အာကာသယာဉ်မှူး ဘဝသက်တမ်းတလျှောက် သူလုပ်ခဲ့သမျှမှာ အထင်ရှားဆုံး အထောက်အပံ့ပြုနိုင်မှုတစ်ခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အပိုလို ၈ မစ်ရှင်ဟာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေခဲ့သော်လည်း နောက် ၇ လ အကြာမှာ အပိုလို ၁၁ ရဲ့ သမိုင်းဝင် လပေါ်ဆင်းသက်မှု မစ်ရှင်အတွက် လမ်းကြောင်းခင်းပေးနိုင်ခဲ့ပါတယ်။

အန်ဒါးစ်ကို ၁၉၃၃ ခုနှစ်က ဟောင်ကောင်မှာ မွေးဖွားခဲ့တာဖြစ်ပေမယ့် ဆန်ဒီယေးဂိုမှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်မှာ အန်ဒါးစ်ဟာ ဓါတ်ရောင်ခြည် သက်ရောက်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းချုပ်မှု အပါအဝင် နယ်ပယ်တွေမှာ အလုပ်လုပ်နေတဲ့ နာဆာ အာကာသယာဉ်မှူးတစ်ဦး ဖြစ်လာပါတယ်။ သူဟာ ၁၉၈၈ ခုနှစ်မှာ လေတပ်အရန်တပ်ဖွဲ့ကနေ အနားယူခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ General Dynamics Corporation ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၉၁ မှ ၁၉၉၄ ခုနှစ်အထိ ကြာခဲ့ပါတယ်။

အန်ဒါးစ်ဟာ ၁၉၉၃ ခုနှစ်မှာ Orcas ကျွန်းကို ဇနီးဖြစ်သူ Valerie နဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး သူတို့နှစ်ဦးဟာ သားသမီး ခြောက်ဦးနဲ့ မြေး ၁၃ ဦး ထွန်းကားခဲ့ကြောင်း သိရပါတယ်။

USA Today

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်...

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား ၇.၀ နဲ့ အထက်ရှိတဲ့ ငလျင်ကြီး ၁၁ ကြိမ်လှုပ်ခဲ့

​ထိုင်းနိုင်ငံရဲ့ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၉ ခုမှာ ပြင်းအား ၇.၀ နဲ့ အထက်ရှိတဲ့ ငလျင်ကြီး ၁၁ ကြိမ် လှုပ်ခဲ့ပြီး၊ အများစုကတော့ ပစိဖိတ်စက်ဝန်းဒေသ တလျှောက်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ​ဒီအဖွဲ့အစည်း နှစ်ခုဟာ ဩဂုတ်လ ၁၅ ရက်နေ့အထိ ကမ္ဘာတဝှမ်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးတွေရဲ့ အချက်အလက်တွေကို စုစည်းထုတ်ပြန်ပေးခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို လိုအပ်တာထက်...

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ် လက်ရှိ စည်းကြပ်ထားသော ကုန်သွယ်ခွန်များကို ခေတ္တဆိုင်းငံ့ပေးပါရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို စနေနေ့က တောင်းဆိုလိုက်သည်။ ဇူလိုင်လကုန်ပိုင်းတွင် ကော်ဖီနှင့် ရေနံစသည့် ကင်းလွတ်ခွင့် ရရှိထားသော ကုန်ပစ္စည်း အနည်းငယ်မှအပ ကိုလံဘီယာ ကုန်ပစ္စည်းများအပေါ် စည်းကြပ်သည့် အမေရိကန်၏ ကုန်သွယ်ခွန်သည် ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ “ငလျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071