Monday, December 8, 2025

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌...

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့...

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...
HomeNewsLocal Newsအာကာသပြတိုက်(ရန်ကုန်)ကို မြန်မာနိုင်ငံတော်ယာယီသမ္မတဖွင့်လှစ်ပေး

အာကာသပြတိုက်(ရန်ကုန်)ကို မြန်မာနိုင်ငံတော်ယာယီသမ္မတဖွင့်လှစ်ပေး

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)အား မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းက ပြတိုက်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ၍ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိန်းကျော်၊ Myanmar Space Agency အမှု ဆောင်အရာရှိချုပ်ဒေါက်တာစိုးမြင့်မောင်နှင့် ရန်ကုန်မြို့တာ်ဝန်ဦးဘိုဌေးတို့မှလည်း ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတသည် ယခင်နက္ခတ် တာရာပြခန်းတွင်အသုံးပြုခဲ့သော GOTO Planetarim Analog Projection System အားကြည့်ရှုလေ့လာပြီး အာကာသပြတိုက် (ရန်ကုန်)ဖွင့်ပွဲအထိမ်းအမှတ် လက် ဆောင်အား ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ နိုင်ငံတော် ယာယီသမ္မတထံ ဂါရဝပြုပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှဖွင့်ပွဲတက်ရောက်လာသည့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊အိန္ဒိယနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီးနောက် နိုင်ငံတော် ယာယီသမ္မတနှင့် တက်ရောက်လာကြသူများက အာကာသနှင့် နက္ခတ်တာရာဆိုင်ရာ Dome Video Clip အားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အာကာသပြတိုက်(ရန်ကုန်)သည် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်ရှိပြီး ယခင် နက္ခတ်တာရာပြခန်းအားခေတ်နှင့်အညီဖြစ်စေရန် အဆင့်မြှင့်တင်ပြန်လည်မွန်းမံ၍ အာကာသပြတိုက်(ရန်ကုန်)အဖြစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ပြတိုက်အတွင်း၌ Deep Space Exploration ပြ ခန်း၊ Space Station ပြခန်းနှင့် အာကာသတွင်းစေ လွှတ်ခဲ့သည့် ဒုံးပျံများ၊ အာကာသတွင် လှည့်ပတ်သွား လာလျက်ရှိသည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာသည့် အာကာသယာဉ်နှင့်ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများစသည့် အာကာသဆိုင်ရာများအားကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးကို အဆင်ပြေစွာဆောင်ရွက်ပေးရန် လဝက ဝန်ကြီးမှာကြား

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို စစ်ဆေးခဲ့စဉ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။ လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏ စီးပွားရေး အတန်အသင့် နာလံထူမှု လက္ခဏာများတွေ့ရကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့် လုပ်ငန်းလည်ပတ်မှုစနစ် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ စိန်ခေါ်မှုများ၏ သက်ရောက်မှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးမျှော်မှန်းချက် အလားအလာအား အခက်အခဲအတားအဆီးများသဖွယ် ဆက်လက်တည်ရှိနေသော်လည်း စီးပွားရေးနာလံထူလာသည့် လက္ခဏာများ အတန်အသင့်ရှိလာကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက် (ယနေ့) တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာသုံးသပ်ချက် အစီရင်ခံစာ (Myanmar Economic Monitor)...

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌ အမြဲတမ်းအတွင်းဝန်သည် ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနအကြီးအကဲ H.E. Aljohara Yousif Al-Obaidan နှင့် ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းကတွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဖိုရမ်၌ တက်ရောက်လာကြသူများက ငြိမ်းချမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအပါအဝင် အရေးပါသည့်နယ်ပယ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071