ဘန်ကောက်မြို့ရှိ အောင်ပွဲအထိမ်း အမှတ်ကျောက်တိုင်တွင် စနေနေ့က ရာနှင့်ချီသော ဆန္ဒပြသူများ စုရုံးခဲ့ကြကာ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်နှင့် ဖုန်းပြောဆိုခဲ့သောအသံဖိုင် ပေါက်ကြားခဲ့၍ ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာကို နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
၂၀၂၃ ခုနှစ်တွင် ဖြူထိုင်းပါတီက အာဏာရယူပြီးနောက်ပိုင်း အကြီးမားဆုံး အစိုးရကိုဆန့်ကျင်သော စုဝေးဆန္ဒပြပွဲကို Ruam Palang Paendin Pokpong Athipatai (အချုပ်အခြာအာဏာ ကာကွယ်ရေး နိုင်ငံလုံးဆိုင်ရာ ညီညွတ်သော အင်အားစု) က ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။
ဆန္ဒပြသူများသည် နံနက် ၉ နာရီတွင် အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင်သို့ စတင်ရောက်ရှိလာခဲ့ကြကာ ထိုင်းနိုင်ငံ အလံများ ကိုဝှေ့ယမ်းခဲ့ကြသည်။ Din Daeng လမ်းမျက်နှင်ချင်းဆိုင်တွင် ပြုလုပ်သော အခမ်းအနားကို ကုသိုလ်ကောင်းမှုဖြင့် စတင်ခဲ့ကာ ယင်းနောက် အဖွဲ့ခေါင်းဆောင်များက အလှည့်ကျ ဟောပြောခြင်းနှင့် ဂီတပညာရှင်များ၏ ဖျော်ဖြေခြင်းများ ပါဝင်ခဲ့သည်။
ဟောပြောမည့်သူများတွင် နာမည်ကြီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပါဝင်ပြီး ၎င်းတို့သည် ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံတော်သီချင်းကို စုပေါင်းသီဆိုပြီးနောက် အသီးသီး ဟောပြောသွားကြမည်ဖြစ်သည်။ နယ်စပ်အရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရေးတွင် စည်းလုံးညီညွတ်မှုကို ပြသသည့် သင်္ကေတဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ဆန္ဒပြပွဲကို ည ၉ နာရီတွင် အပြီးသတ်ရန် စီစဉ်ထားပြီး ည့ဉ်နက်သန်းခေါင်အထိ နေမည်မဟုတ်ဟု ဆန္ဒပြခေါင်းဆောင်များက ရဲတပ်ဖွဲ့ကို ကတိပေးထားကြောင်း သိရသည်။
Ref: ဘန်ကောက်ပို့စ်