Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeArticlesအသည်းအစားထိုး ကုသခြင်း ...

အသည်းအစားထိုး ကုသခြင်း (Liver Transplantation) အပိုင်း (၃)

athae

ကျွန်တော် ယခင်က ဆွေး နွေးခဲ့တဲ့အတိုင်း ဝေဒနာရှင်မှာအသည်း အစားထိုးဖို့ အမှန်တကယ်လိုအပ် တယ်ဆိုရင်ဝေဒနာရှင်လက်ရှိရော ဂါအခြေအနေနဲ့ အသည်းအစားထိုးခွဲစိတ်မှုသင့်တော်ခြင်းရှိမရှိကို အစည်းအဝေး transplant meeting) မှာ အားလုံးတိုင်ပင် ဆွေးနွေးကြပါတယ်။ အများသောအားဖြင့် လိုအပ်တဲ့စစ်ဆေးမှု (Pre-op assessment) တွေကိုလုပ်ပြီး သက်ဆိုင်ရာအထူး ကုသမားတော်တွေရဲ့ အကြံဥာဏ်ကို ရယူပြီးမှဆုံး ဖြတ်ကြပါတယ်။ဒီအပတ်မှာတော့ Pre-op assessment အနဲ့ပတ်သက်လို့ ကျွန် တော်တို့ အစည်းအဝေး (transplant meeting) မှာ ဆွေးနွေးတိုင်ပင်ကြတဲ့ အရေးကြီးတဲ့ အကြောင်းအရာများကို ဗဟုသုတရအောင် ခြုံငုံပြီး တင်ပြလိုက်ပါတယ်။

(၁) ဝေဒနာရှင်ရဲ့အသက်

ဝေဒနာရှင် ရဲ့အသက်ကလည်း စဉ်းစားစရာတစ်ခုပါ။ စင်တာ တိုင်းလိုလို ကွယ်လွန်သူ အလှူရှင် (Deceased Donor) ကနေ အသည်းအစားထိုးကုသခြင်းကို အသက်(၇ဝ)နှစ်အောက် လက်ခံမဲ့ ဝေဒနာရှင်အတွက်ပဲလုပ်ကြပါတယ်။ ဒါပေမဲ့ အသက် (၇ဝ)နှစ် နည်းနည်းစွန်းမယ်၊ ကျန်းမာရေး စစ်ဆေးချက် ကောင်းမယ်။ သက်ရှိ အလှူရှင် (Living Donor) ရှိမယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ အဓိက ကတော့ အသက်ကြီးလာရင် ခွဲစိတ် ပြီးဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုး တွေများလို့ပါ။

(၂) နှလုံးသွေးကြောကျဉ်းရောဂါ

ဒီရောဂါရှိရင် ရောဂါ အတိမ်အနက်ကို သေသေချာချာစစ်ဆေး ဖို့လိုပါတယ်။ နှလုံးအထူးကုရဲ့ထင် မြင်အကြံပေးချက်တွေဟာ အလွန် အရေးကြီးပါတယ်။ ရောဂါအခြေ အနေဆိုးရင် ဥပမာ နှလုံးသွေးကြော ပိတ်တာဆိုးရင် အဲဒီ နှလုံးရောဂါကို အရင်ကုပြီးမှ အသည်းအစားထိုးဖို့ ပြန်လည်ဆန်းစစ်ကြပါတယ်။

(၃) ကျောက်ကပ်ရောဂါ

ကျောက်ကပ်မကောင်းရင်လည်း နှလုံးလိုပဲ ရောဂါအတိမ်အနက်ကို စစ်ဆေးရပါတယ်၊ အသည်းအစားထိုးပြီးရင် ကိုယ်ခံအားက အစားထိုး ထားတဲ့ အသည်းကို မတွန်းထုတ် (rejection) အောင်သောက်ရတဲ့ ကိုယ်ခံအားကို ဖိနှိပ်တဲ့ဆေး (immunosuppressives) တွေဟာ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင် ပါတယ်။ အရင်ကမကောင်းတဲ့ ကျောက်ကပ်အခြေအနေ ပိုဆိုးနိုင်ပါတယ်။ လိုအပ်ရင် နောက်ပိုင်း ကျောက်ကပ်အစားထိုးကုသဖို့ လိုအပ်နိင်တာကိုလည်း ဆွေးနွေး တိုင်ပင်ကြပါတယ်။

(၄) အဆုတ်ရောဂါ

အသည်ြး<ွကပ် (cirrhosis) ပြီး အဆုတ်ရဲ့ လုပ်ဆောင်မှုကို ထိခိုက် စေတဲ့ အခြေအနေမျိုး(Hepato-Pulmonary Syndromeç Porto-Pulmonary Hypertension) ၏ တွေရှိနေတဲ့ဝေဒနာရှင်တွေမှာ အဲဒီ အခြေအနေမပြင်းထန်ရင် အသည်း အစားထိုးကုသတာကို လုပ်နိုင်ပေ မယ့် ပြင်းထန်ရင်တော့ မလုပ်သင့်ပါ ဘူး။

(၅) အသည်းကင်ဆာ

အသည်းကင်ဆာရှိတဲ့ဝေဒနာ ရှင်တွေမှာ ကင်ဆာအဆင့်ဟာ ကျွန် တော် အပိုင်း(၂)မှာ ပြောခဲ့တဲ့ စံနှုန်း ( Milan criteria or UCSF criteria) ထဲ ဝင်မဝင် ဆန်းစစ်ကြပါ တယ်။ ကင်ဆာဟာ အဲဒီစံနှုန်းတွေ ထက် ကျော်လွန် (သကအ သ် ခမငအနမငေ) နေရင် အသည်းလဲသင့် မသင့်သေ သေချာချာ စဉ်းစားတိုင်ပင်ကြပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအခြေအနေမျိုးမှာ အသည်း လဲပြီးရင် ကင်ဆာပြန်ဖြစ်နိုင်တဲ့ နှုန်းဟာ အလွန်များပါတယ်။ အဲဒီ လိုပြန်ဖြစ်ရင် မလဲခင်ကဖြစ်တဲ့ ကင် ဆာထက် ပိုဆိုးပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကိုယ်ခံအားကို ဖိနှိပ်တဲ့ ဆေးတွေသောက်နေတဲ့ အတွက် ကင်ဆာပြန့်ပွားမှုကို ကိုယ်ခံအားက မတားနိင်တော့ပါဘူး၊ အဲဒီလိုဖြစ်ခဲ့ ရင် ငွေကုန်လူပန်းပြီး ခံစားရတာတွေအပြင် သက်တမ်းအားဖြင့်လည်း မရှည်နိင်ပါဘူး။

(၆) ကူးစက်ရောဂါ

ဝေဒနာရှင်မှာ လက်ရှိသို့ မဟုတ်ငုပ်နေတဲ့ ကူးစက်ရောဂါ (active or latent Infection) ရှိ နေရင် အဲဒီရောဂါပိုးကို ကောင်း ကောင်းကိုင်တွယ်ကုသပြီးမှ အသည်းအစားထိုးကုသဖို့ကို စဉ်း စားကြပါတယ်။ (ဥပမာအားဖြင့် တီဘီရောဂါ)

(၇) တခြားကင်ဆာရောဂါ

ဝေဒနာရှင်မှာ လက်ရှိ ကင်ဆာတစ်မျိုးမျိုး (အသည်းကင်ဆာမှအပ) ရှိနေရင် အသည်းအစားထိုးလို့ မရပါဘူး။

(၈) သွေးတိုး နဲ့ ဆီးချို ရောဂါ

အဖြစ်များတဲ့ဒီရောဂါတွေရဲ့ ဆိုးကျိုး ((end organ damage) တွေရှိနေရင် သက်ဆိုင်ရာသမား တော်တွေရဲ့ထင်မြင်အကြံပေးချက်တွေကို အလေးထားပြီး အသည်း အစားထိုးလုပ်ဆောင်မှုသင့်၊ မသင့် တိုင်ပင်ဆွးနွေးကြပါတယ်။

(၉) အသည်းရောင်အသားဝါဘီပိုး

ဘီပိုးရှိရင် အစားမထိုးခင်မှာ ဆေးသောက်ထားပြီး ခွဲစိတ်တဲ့အခါ သွေးထဲမှာပိုးကောင်ရေ ရှာမတွေ့ (undetectable viral load) ရင်အကောင်းဆုံးပါပဲ။ အရေးပေါ်ခွဲစိတ်ဖို့လိုအပ်ပြီး ပိုးကောင်ရေများနေရင်တော့ ခွဲစိတ်ပြီးရင် ထိုးဆေး (HBIg: Hepatitis B Immunoglobulin) ကို အချိန် အတိုင်းအတာတစ်ခုအထိပေးဖို့ စီစဉ်ရပါတယ်။ ဘီပိုးသောက်ဆေးကိုတော့ ရာသက်ပန်သောက်ရမှာပါ။

(၁ဝ) အသည်းရောင်အသားဝါစီပိုး

စီပိုးရှိရင် အသည်းအခြေ အနေပေါ်မူတည်ပြီး သောက်ဆေး (DAA: Direct Acting Anti-viral) တွေနဲ့ ဘယ်တော့ကုသရင် ဝေဒနာရှင်အတွက်အကောင်းဆုံးဖြစ်မလဲ ဆိုတာကို တိုင်ပင်ကြပါတယ်။ ယခင်ထိုးဆေးတွေခေတ်ကဆို အသည်း ခြေအနေဆိုးတဲ့ ဝေဒနာရှင်အများစု ဟာ ဒီထိုးဆေးတွေရဲ့ ဆိုးကျိုး (side effects) တွေ မခံနိုင်ကြပါဘူး။

အပိုင်း(၃)ကို နိဂုံးချုပ်လိုက်ရင် အသည်းအစားထိုးကုသမှုနဲ့ သင့် တော်မှုရှိမရှိကို

– လက်ရှိဖြစ်နေတဲ့ရောဂါအခြေအ နေအားလုံးကိုသုံးသပ်ပြီးအကြမ်း ဖျင်း သိရှိနိုင်ပါတယ်။
– များသောအားဖြင့်လိုအပ်တဲ့စစ် ဆေးမှု (Pre-op Assessment) တွေကို လုပ်ပြီးမှ ဆုံးဖြတ်ကြပါတယ်။
– သက်ဆိုင်ရာ အထူးကုသမား တော်တွေရဲ့ ထင်မြင်အကြံပေးချက်တွေကိုရယူပြီး အစည်းအဝေး (multi-disciplinary transplant meeting) မှာ အားလုံးတိုင်ပင်ဆွေး နွေးဆုံးဖြတ်ကြပါတယ်။ နောက်အပတ်မှာတော့ သက်ရှိအလှူရှင် (Living Donor) အတွက် လိုအပ်တဲ့စစ်ဆေးမှုများ အကြောင်းကို ဆွေးနွေးပါမယ်။

ဒေါက်တာသွင်မောင်အေး
MBBS(Ygn), MRCP(UK), FRCP(Edinburgh), FAMS Gastroenterology (Singapore)ကျမ်းကိုး
1. The New England Journal of Medicine. 1996;334(11):693-699.
2. Hepatology.2001;33(6): 1394-1403.

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071