Friday, May 23, 2025

အင်ဒိုနီးရှား၌ရေကြီး၊ ၁၅ ‌ေ-သပြီး ၅...

ဂျကာတာ၊မေ ၂၂ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ‌ေ-သဆုံးသူငါးဦး၏ ရုပ်အလေ-ာင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း‌ေ-သဆုံးသူ အရေအတွက်သည် ၁၅ ဦးအထိရှိလာကာ ငါးဦးမှာ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း...

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက...

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...
HomeCelebrities' Newsအသစ်တွေကိုလည်း ကြိုးစားခွင့်ပေးစေချင်တယ် သားညီ

အသစ်တွေကိုလည်း ကြိုးစားခွင့်ပေးစေချင်တယ် သားညီ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှာ အမှုဆောင်သစ်တွေကို စက်တင်ဘာလ ကရွေးချယ် တင်မြှောက်လိုက်ပြီဖြစ်ပါတယ်။ ထိုအမှုဆောင်သစ်များနဲ့အတူရုပ်ရှင်လောက သားများက လည်း မြန်မာ့ရုပ်ရှင်လောကမှာ ဗီဒီယိုဈေးကွက်ပျက်စီးနေတာကို ပြန်လည် ကောင်းမွန်လာအောင် ဝိုင်းဝန်းလုပ် ဆောင်သွားမှာဖြစ်ကြောင်းလည်း သိရပါ တယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးသရုပ်ဆောင်တစ်ဦးဖြစ်သလိုဒါရိုက်တာ တစ်ဦးလည်းဖြစ်တဲ့ သားညီက ခုလိုပြောပြခဲ့တာက…

“ဗီဒီယိုဈေးကွက်ပြန်ကောင်းလာဖို့အတွက်ဆိုရင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းပြီးတော့ ကြိုးစားရမှာပါ။ အခုကျွန်တော်တို့ မြန်မာ နိုင်ငံမှာအစိုးရပြောင်းသွားပြီ။ အစိုးရ ပြောင်းသွားတာတောင်မှ တိုင်း ပြည်ကချက်ချင်းလက်ငင်းကြီး ကောင်းမလာနိုင်ဘူး။ အဲဒီလိုပဲ ဗီဒီ ယိုလောကကလည်း ချက်ချင်းလက်ငင်းတစ်လနှစ်လအတွင်းတော့ ကောင်းလာမှာမဟုတ်ဘူး။ နှစ်နဲ့ချီပြီးပျက်နေခဲ့တာဆိုတော့ ပြန် ကောင်းအောင်လုပ်ရမှာပေါ့။ အချိန်တော့ပေးရမယ်။ ဒါပေမယ့် ကျွန်တော်ပြန်ကောင်းလာလိမ့်မယ်လို့ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါ တယ်။ သူကတော့ ခုလတ်တလောမှာ ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ ‘ဇီးကွက်သေတ္တာ’ ရုပ်သံဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး Media 7 နဲ့အတူ ဒါရိုက်တာအဖြစ်ဇာတ်လမ်းတွဲများ ရိုက်ကူးဖို့ စီစဉ်ထားကြောင်းလည်းသိရပါတယ်။

“ရုပ်ရှင်ပြသရေးစနစ်မှာလည်း ရုပ်ရှင်ဇာတ်ကား ပြသနိုင်ဖို့ တန်းစီ စောင့်ဆိုင်းရတဲ့ စနစ်အပြင် တခြား ရုပ်ရှင်ဇာတ်ကားများနဲ့ အပြိုင်ပြသရတဲ့ စနှစ်လည်း ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီ B စနှစ်ပေါ်ပေါက်လာတာကလည်း တန်းဝင်နာမည်ကြီး မင်းသားများ အတွက်စနှစ်ကောင်းတစ်ခုဖြစ်ပေမယ့်တက်သစ်စမင်းသားများအတွက်အခွင့်အရေး နည်းပါတာကို တွေ့ရပါတယ်။ အဆိုပါ ရုပ်ရှင်ပြသမှု B စနှစ်ပေါ်ပေါက်လာတာနဲ့ ပတ်သက်ပြီး…

“ကျွန်တော်ကတော့ အသစ်တွေကိုလည်း ကြိုးစားခွင့်ပေးစေချင်ပါတယ်။ (တန်းဝင် မင်သားဇာတ်ကားများ) ပိုက်ဆံရတဲ့ ဇာတ်ကားတွေပဲ ပြနေမယ်ဆိုရင် ပရိသတ်ကလည်း ကြာလာရင် ရိုးသွားလိမ့်မယ်။

အ သစ်တွေလည်း ကြိုးစားချင်စိတ်ရှိ တော့မှာ မဟုတ် ပါဘူး။ အဲဒီတော့ အဲဒီအဟောင်းတွေ ကုန်သွားလို့ရှိရင် လောကကြီးက Auto ရပ်သွား လိမ့်မယ်။အဲ့ဒါကြောင့် B စနစ်ပေါ် လာတာကတော့ မကောင်းဘူးလို့ မြင်ပါတယ်။ ကျွန်တော်ကတော့ အကုန်လုံးကို ကြိုးစားဖို့ အခွင်အရေး ရှိစေချင်ပါတယ်။တန်းစီတဲ့ ဇာတ်ကားလည်းတန်းစီပေါ့။ မစောင့်နိုင် လို့ ဖြတ်ပြတဲ့သူလည်း ဖြတ်ပြပေါ့။ ရုံငှားပြသတဲ့ သူလည်းငှားပြသကြပေါ့။ ဘာပဲ ဖြစ်ဖြစ် တန်းစီစနစ်လေးကိုတော့ ရှိစေချင်ပါသေးတယ်”လို့ ပြောခဲ့ပါ တယ်။

ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071