Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeNewsLocal Newsအသက် ၁၃၀ကျော်ရန် မျှော်လင့်--ဒလိုင်းလားမား

အသက် ၁၃၀ကျော်ရန် မျှော်လင့်–ဒလိုင်းလားမား

သက်ကြီးရွယ်အိုဘုန်းတော်ကြီး ဒလိုင်းလားမားသည် သူကွယ်လွန်ပါက လူဝင်စားမည်ဟု ပြောကာ သူ့အရိုက်အရာကို ဆက်ခံမည့်သူနှင့် ပတ်သက်သော ထင်ကြေးပေးမှုများကို လျော့ပါးစေရန်ကြိုးပမ်းခဲ့ပြီးနောက်ရက်ပိုင်းအကြာတွင် သူသည် အသက်၁၃၀ ကျော်အထိ နေရရန်မျှော်လင့်ထားသည်ဟု စနေနေ့တွင် ပြောကြားလိုက်သည်။

တနင်္ဂနွေတွင်ကျရောက်မည့် သူ၏သက်တော် ၉၀ ပြည့်မွေးနေ့အကြိုအဖြစ် နောက်လိုက်နောက်ပါ တပည့်ဒါယကာ ဒါယိကာ များက စီစဉ်ပြုလုပ်သော သက်တော်ရာကျော်ရှည်စေကြောင်း ဆုတောင်း ပတ္တနာပြုသည့် အခမ်းအနားတွင် တိဘက်ဗုဒ္ဓဘာသာရေးရာခေါင်းဆောင်က ထိုရဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဒလိုင်းလားမားက သူအသက်၁၁၀ အထိနေရနိုင်သည်ဟုဒီဇင်ဘာလအတွင်းက ရို-က်တာသတင်းဌာနကို ပြောထားသေးသည်။

“အသက် ၁၃၀ ကျော်အထိနေရမယ်လို့ ငါမျှော်လင့်ထားတုန်းပဲ” ဟု အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ပေါ်မြို့ Dharamshala တွင် စုရုံးရောက်ရှိနေကြသည့် ကမ္ဘာတစ်ဝန်းမှ ရာနှင့်ချီသော တပည့် ဒါယကာ ဒါယိကာ များကို ဒလိုင်းလားမားက ပြောကြားခဲ့သည်။သူသည် ၁၉၅၉ ခုနှစ်က တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်သော မအောင်မြင်သည့် အုံကြွမှုအပြီးတွင် တိဘက်မှ ထွက်ပြေးကာ Dharamshala တွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။

“ငါတို့ တိုင်းပြည်ကို ဆုံးရှုံးရပြီး အိန္ဒိယမှာ ပြည်ပြေးအဖြစ်နေရတယ်၊ဒါပေမယ့် သတ္တဝါတွေအတွက် တော်တော်အကျိုးရှိစေခဲ့ပါတယ်။ဒါကြောင့် Dharamshala မှာနေထိုင်ရင်း သတ္တဝါတွေကောင်းကျိုးအတွက် တရားဓမ္မတွေကို တတ်နိုင်သမျှ အားထုတ်သွားဖို့ ရည်ရွယ်ထားပါတယ်”ဟု ဗုဒ္ဓမြတ်စွာ၏ အဆုံးအမများကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

ပေကျင်းသည် ဒလိုင်းလားမားကို ခွဲထွက်ရေးသမားတစ်ဦးအဖြစ် ရှုမြင် ထားပြီး သူ့အရိုက်အရာဆက်ခံမည်သူကို အင်ပိုင်ယာမှ ဆင်းသက်သူအဖြစ် မှတ်ယူ၍ နိုင်ငံ၏ ခေါင်းဆောင်များက အတည်ပြုပေးမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

လွတ်လပ်သော ကမ္ဘာတွင် လူပြန်ဝင်စားမည်ဟု ယခင်က ပြောခဲ့ဖူးသော ဒလိုင်းလားမားက သူ၏ လူဝင်စားခြင်းကို အသိအမှတ်ပြုရန် တစ်ခုတည်းသော အခွင့်အာဏာသည် သူ၏ အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Gaden Phodrang Trust မှာသာ တည်ရှိကြောင်း တပည့် ဒါယကာ ဒါယိကာ များအား ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။ Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071