မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အသက်(၈၀)နှစ်ကျော်ရှိပြီဖြစ်သည့် အမျိုးသမီးကြီးတစ်ဦး နေအိမ်အတွင်း၌ တူဖြင့်ထုသ-တ်ခံရမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဥ်သည် အောက်တိုဘာ ၂၅ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်
ကွက်၊ ၇၀(B)လမ်း၊ ၁၀၇(A) လမ်းနှင့် ၁၀၈ လမ်းကြားရှိနေအိမ်မှ အိမ်ရှင်ဖြစ်သူ အသက်(၈၄)နှစ်ရှိ အမျိုးသမီးကြီးနှင့် အသက်(၃၆)နှစ်ရှိ အိမ်အကူအမျိုးသမီးတို့အား ပြစ်မှုကျူးလွန်သူက တူဖြင့်ထုသ-တ်ခဲ့ရာ အိမ်ရှင်အမျိုးသမီးကြီးေ-သဆုံးခဲ့ကာ အိမ်အကူအမျိုးသမီးတွင်လည်း ထိခိုက်ဒ-ဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
” ဖြစ်စဥ်ကိုသိတာက အောက်တိုဘာ ၂၆ ရက်မနက်ပိုင်းကြမှသိရတာပါ။ သူတို့အိမ်ကိုလာတဲ့သူက ဖြစ်စဥ်ကိုတွေ့ပြီး ရဲစခန်းကိုအကြောင်းကြားခဲ့တာပါ။ လိုအပ်တဲ့စစ်ဆေးတာတွေလုပ်နေပါတယ်။ စိုးရိမ်ရဒ-ဏ်ရာတွေရထားတဲ့ အိမ်အကူအမျိုးသမီးကို မန္တလေးပြည်သူ့ဆေးရုံပို့ပေးထားပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာရဲစခန်းမှ အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
