မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အသက်(၆၅)နှစ်အရွယ်ရှိ အမျိုးသမီးကြီး၏ ပလပ်စတစ်ခြင်းများအတွင်းမှ စိတ်ကြွဆေးပြား (၆၁၀၅၀) ပြားအား သြဂုတ် (၁၀) ရက်နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ယမန်နေ့ နေ့လယ် (၁) နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းလာသည့် ခရီးသည်တင်ကားအား ရှာဖွေစစ်ဆေးစဥ် ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ဒေါ်ခင်စန်းဝေ(၆၅)နှစ်အား မိုးညှင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။