Friday, May 23, 2025

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...
HomeCelebrities' Newsအသက် ၂၇ နှစ်ပြည့်...

အသက် ၂၇ နှစ်ပြည့် မွေးနေ့ကို အလှူတွေနဲ့ ဖြတ်သန်းခဲ့တဲ့ ဝင့်ယမုံလှိုင်

Wit-Yamone-Hlaing

သရုပ်ဆောင် ဝင့်ယမုံ လှိုင်က သြဂုတ်လ ၁ ရက်နေ့တုန်းက ကျရောက်ခဲ့တဲ့ သူမရဲ့ ၂၇ နှစ်ပြည့် မွေးနေ့ ကို စမ်းချောင်းမြို့နယ်ရှိ ‘ဇေယျသုခ ကျောင်းတိုက်’မှာ မွေးနေ့အလှူ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါမွေးနေ့နဲ့ ပတ်သက်ပြီးတော့ ဝင့်ယမုံလှိုင်က …………

“ညီမ မနှစ်က မွေးနေ့မလုပ် ဖြစ်ဘူး။ ဒီနှစ်သြဂုတ်လ ၁ ရက်နေ့ မွေးနေ့မှာ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်တယ်။ ဝါဆိုသင်္ကန်းကပ်တယ်။ ပြီးတော့ ပရိသတ်တွေကို နေ့လယ်စာနဲ့ ဧည့်ခံတယ်။ အမှန် တော့ ဒီထက်ပိုလုပ်ချင်တယ်။ ညီမ စိတ်ဆန္ဒအရ မိဘမဲ့ဂေဟာတွေ၊ နာရေးကူညီမှုအသင်းတွေကို ညီမ သွားလှူသလိုမျိုးလုပ်ချင်တယ်။ ဒါပေမဲ့ ဒီနှစ်ကလုံးဝအချိန်မရဘူး။ မွေးနေ့ပြီးတဲ့ညနေမှာပဲ ညီမအလုပ် လက်ခံထားတာရှိလို့ ဘာမှမလုပ် လိုက်နိုင်ဘူး။ အဲဒီတော့ဖြစ်နိုင်ရင်ညီမတတ်နိုင်တဲ့ အနေအထားကနေ ပြည့်ပြည့်ဝဝ လှူချင်တယ်”လို့ ဆိုပါတယ်။

သရုပ်ဆောင်ဝင့်ယမုံလှိုင်က ဒရာမာကာရိုက်တာတွေအမြဲ ရိုက်ကူးနေရတဲ့အတွက် ပရိသတ်တွေ အသစ်အဆန်းဖြစ်သွားအောင် ဟာသကာရိုက်တာလေး ပြောင်းလဲရိုက်ကူးဖို့ရှိကြောင်းကို ….

“ညီမအခုဆိုရင် ‘ပျော်ရွှင်ခြင်း ဝိညာဉ်’ဇာတ်လမ်းတွဲလေး ရိုက်ကူးဖို့ရှိတယ်။ ဟာသဇာတ်လေးပါပဲ။ ညီမ အရင်တုန်းက ဒရာမာတွေပဲ ရိုက်တာများတယ်။ အခုနောက်ပိုင်း ဟာသဇာတ်ကားတွေလည်း ရိုက်ကူး လာရတယ်။ ဟာသဇာတ်ကား အတွက် ပြင်ဆင်မှုဆိုတာထက် ဇာတ်ညွှန်းအရ ကိုယ်တတ်နိုင်သ လောက်လိုက်ပြင်ဆင်ရတယ်။ ညီမ ကာရိုက်တာတွေကို အရမ်းပြောင်း ရိုက်ချင်တယ်။ အခုဟာသဇာတ်ကား ရိုက်ကူးရမှာဆိုတော့ ကွက်တိဖြစ်သွား တယ်။ ပရိသတ်တွေလည်း အမြင်တစ်မျိုး ဆန်းသွားအောင်လို့ ရိုက်ဖြစ်တယ်”လို့ ပြောပါတယ်။

“အခု MRTV-4 ကလွှင့်နေတဲ့ ‘သံစဉ်များဖြင့် ဖွဲ့သီသော’ ဇာတ် လမ်းတွဲကို ပရိသတ်အားပေးတာတွေ့ရတော့ပျော်တယ်။ အဲဒီထဲက ကာရိုက်တာတွေကလည်း အရင်က ညီမသရုပ်ဆောင် ထားတဲ့ ကာရိုက်တာတွေနဲ့ နည်းနည်းကွာတယ်။ ခက်ထန်မာကျော တဲ့ပုံစံဆိုတော့ ပရိသတ်တွေ တစ်မျိုးမြင်မှာလည်း ကြောက်တယ်” လို့လည်း ဝင့်ယမုံလှိုင်ကဆိုပါတယ်။

အခုလတ်တလောမှာ ဝင့်ယမုံလှိုင်က ပညာပေးဇာတ်လမ်းတွေ လည်း ရိုက်ကူးဖို့ရှိပြီးဇာတ်လမ်းတွဲအသစ်တွေလည်း ရိုက်ကူးဖို့ စီစဉ်နေကြောင်းသိရပါတယ်။

ချယ်ရီ

ဓာတ်ပုံ-အေးဇော်မိုး(စက်မှု)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071