Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeCelebrities' Newsအသက်၇ဝ ရှိပြီဖြစ်ပေမယ့် ဇာတ်ကားတွေရိုက်ကူးနေဆဲ...

အသက်၇ဝ ရှိပြီဖြစ်ပေမယ့် ဇာတ်ကားတွေရိုက်ကူးနေဆဲ ဦးမိုးဒီ

လက်ရှိမှာ အသက်၇ဝပြည့်နှစ် ရှိနေပြီဖြစ်တဲ့ ဦးမိုးဒီက အနုပညာလောကထဲကို အသက် ၁၄ နှစ် အရွယ်ကတည်းက ဝင်ရောက်ခဲ့ တာဖြစ်တယ်လို့ သိရပါ တယ်။ ဒါကြောင့်လည်း သူ့ရဲ့အနုပညာသက်တမ်းက ခုဆိုရင် ၅၆နှစ် လောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ အခု အချိန်အထိလည်း ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားတွေကို ဆက် တိုက်ရိုက်ကူးဖြစ်နေပြီး ပါဝင်သရုပ်ဆောင်ရိုက်ကူးရတဲ့ ဇာတ်ရုပ်တွေကတော့ အဖေခန်း၊အဘိုးခန်းတွေဖြစ် ကြောင်းသိရပါတယ်။  လက်ရှိမှာ အသက်၇ဝပြည့်နှစ် ရှိနေပြီဖြစ်တဲ့ ဦးမိုးဒီက အနုပညာလောကထဲကို အသက် ၁၄ နှစ် အရွယ်ကတည်းက ဝင်ရောက်ခဲ့ တာဖြစ်တယ်လို့ သိရပါ တယ်။ ဒါကြောင့်လည်း သူ့ရဲ့အနုပညာသက်တမ်းက ခုဆိုရင် ၅၆နှစ် လောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ အခု အချိန်အထိလည်း ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားတွေကို ဆက် တိုက်ရိုက်ကူးဖြစ်နေပြီး ပါဝင်သရုပ်ဆောင်ရိုက်ကူးရတဲ့ ဇာတ်ရုပ်တွေကတော့ အဖေခန်း၊အဘိုးခန်းတွေဖြစ် ကြောင်းသိရပါတယ်။

“ကျွန်တော့်အနေနဲ့ လုပ်နိုင်သ လောက်လုပ်သွား ပါမယ်။ လုပ်လည်းလုပ်ချင်တယ်။ အနုပညာအလုပ် လုပ် နေရတာ ကျွန်တော့်အတွက်စိတ်ချမ်းသာတယ်။ ဒါကြောင့် လည်း ကျွန်တော်အနုပညာအလုပ်တွေကို လုပ်သွားဦး မယ်” လို့ အနုပညာနဲ့ ပတ်သက်လို့ ဟာသသရုပ်ဆောင်ကြီး ဦးမိုးဒီက ပြောပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့လည်း သူ့အနေနဲ့လက်ရှိမှာတော့ ကောင်းမွန်လျက်ရှိပြီး အရင် လတွေတုန်းက ကျန်းမာရေးချုချာခဲ့တာတွေရှိခဲ့တယ်လို့ သူက ပြောပါတယ်။

 “ကျန်းမာရေးကတော့ အရင်ကထက်စာရင်ပြန် ကောင်းလာပြီ။ ဟိုဘက်ပိုင်းတုန်းက တော်တော်ဆိုးတယ်။ လှုပ်ကို မလှုပ်နိုင်ဘူး”လို့ ကျန်းမာရေးနဲ့ပတ်သက်လို့ ဦးမိုး ဒီက ပြောပြပါတယ်။ စက်တင်ဘာလ၉ရက်နေ့က ပြုလုပ်ခဲ့တဲ့ သက်ကြီးလူရွှင်တော်ကန်တော့ပွဲကိုလည်း လူရွှင် တော်ကြီး ဦးမိုးဒီက တက်ရောက်ကာ ကန်တော့ခံခဲ့ ပါတယ်။ သူဟာသူ့ရဲ့ရောင်းရင်း လူရွှင်တော်ကြီး တွေနဲ့လည်း စကားတွေပြောမကုန်ဖြစ်ကာ သက် ကြီးပူဇော်ပွဲအတွက်လည်း ဂုဏ်ယူပီတိဖြစ်နေ ပါတယ်။  “လူရွှင်တော်တွေအနေနဲ့ ဒီအစဉ်အလာကို ထိန်းသိမ်းရမယ်။ စည်းလုံးညီညွတ်တယ်ဆိုတာ ဘယ် အဖွဲ့အစည်းပဲဖြစ်ဖြစ် ကောင်းတာပေါ့။ ဒါကြောင့်လူရွှင်တော်အဖွဲ့အနေနဲ့လည်း ဒီလိုပဲ စည်းလုံးညီညွတ်ပြီးတော့ လူရွှင်တော်ဆိုတာက လောကကြီးထဲမှာရှိတဲ့ လူသားအားလုံးကို ပျော် အောင်၊ ရွှင်အောင်စိတ်ချမ်းသာအောင်လုပ်ပေး တဲ့သူတွေကိုး။ ဒါကြောင့်ဒီပုဂ္ဂိုလ်တွေဟာ အသက် ရှည်သင့်တယ်။ ကျန်းမာသင့်တယ်။ အဲဒီပုဂ္ဂိုလ် တွေ ကျန်းမာအောင်ဂရုစိုက်ပါ။ အသက်ရှည်အောင်  ကြိုးစားပါ။ စိတ်ကောင်းစေတနာကောင်းတွေ ထားပြီး ကုသိုလ်လည်းရ၊ ဝမ်းလည်းဝတဲ့ ဒီအလုပ် လေးကို တစ်သက်လုံးလုပ်သွားနိုင်ပါစေလို့ကျွန် တော်ဆုတောင်းပါတယ်”လို့ လူရွှင်တော် သက် ကြီးပူဇော်ပွဲမှာ လူငယ်၊လူကြီးလူရွှင်တော်များအတွက်  ဦးမိုးဒီက အကြံပြုစကားပြောကြားခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071