Sunday, January 25, 2026

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့်...

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeCelebrities' Newsအသက်၂ဝပြည့် မွေးနေ့မှာ ကိုယ့်ကိုယ်ကိုယ်မွေးနေ့လက်ဆောင်...

အသက်၂ဝပြည့် မွေးနေ့မှာ ကိုယ့်ကိုယ်ကိုယ်မွေးနေ့လက်ဆောင် ပြန် ပေးတဲ့ ဟန်သီ

han2

မော်ဒယ် သရုပ်ဆောင် ဟန်သီရဲ့ အသက် ၂ဝပြည့် မွေးနေ့ အလှူအဖြစ် ဇူလိုင်လ ၂၅ရက်နေ့ မနက် ၉နာရီက မဟာစည်သာသနာ့ရိပ်သာမှာ တရားနာယူခဲ့ပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သံဃာများ၊ သီလရှင် များနဲ့ ယောဂီတို့ကို နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ပါတယ်။

“ပြောပြမတတ်အောင် တအား ပျော်ပါတယ်။ ဟန်သီဒီမွေး နေ့လေးကို စောင့်နေခဲ့တာ။ လိုအပ်ချက်တွေ အများကြီးရှိမယ်လို့လည်း ထင်ပါတယ်။ အားလည်းအားနာသလို တအားလည်းပျော်ပါတယ်။ မွေး နေ့မှာ ဟန်သီ ကုသိုလ်ယူချင်တယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့လည်း ဖြတ်သန်း ချင်တဲ့အတွက် မဟာစည်မှာ အလှူလာလုပ်ဖြစ်တာပါ။ တကယ် အဓိပ္ပာယ်ရှိသလို အမှတ်တရလည်း ဖြစ်ပါတယ်” လို့ မွေးနေ့ရှင် ဟန်သီကပြောပါတယ်။ ဒီနှစ်မွေးနေ့မှာတော့ ပရိသတ်တွေ ဖြစ်တဲ့ we love han thi  အဖွဲ့ က မွေးနေ့မတိုင်ခင်က ဟန်သီ့ ကို surprise လာလုပ်တာကြောင့် ဝမ်းသာပျော်ရွှင် ခဲ့ရကြောင်းလည်း ဟန်သီကပြောပါတယ်။

han1

“ဘောလုံးတွေ၊ ပန်းပွင့်တွေ ကိတ်မုန့်တွေနဲ့ရော surprise လာလုပ်ပေးတဲ့အတွက် တကယ်ဝမ်းသာပါ တယ်။ ပရိသတ်တွေရဲ့ စကားတစ်ခွန်းတိုင်း ဝေဖန်သံ တွေရော ဟန်သီ့ကို အားပေးတဲ့စကားသံတွေရော ဆုတောင်း ပေးတဲ့ စကားသံတွေအကုန်လုံးက ဟန်သီ့အတွက် အင်အားပါပဲ။ ပရိသတ်တွေ ကြောင့် ဟန်သီဆိုတာလည်း ဖြစ်လာတာပါ။ ဒီထက်ပိုပြီးလည်း ကြိုးစားသွား ပါ့မယ်” လို့ ပြောပါတယ်။

han3

ဟန်သီက ကိုယ့်ကိုယ်ကိုယ် မွေးနေ့ လက်ဆောင်ပေးတဲ့အနေနဲ့ သြဂုတ်လထဲမှာ အဆိုတော် Ariana Grande   ရဲ့ ဖျော်ဖြေပွဲကို ဘန်ကောက်မှာ သွားကြည့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ပရိသတ်တွေအတွက် သီချင်းသစ်တွေလည်း သီဆိုဖို့ ပြင်ဆင်နေပြီး သရုပ် ဆောင်ပိုင်း နဲ့ရော သီချင်းတွေကို ပူးပေါင်းပြီး ထူးထူးခြားခြား တင်ဆက်ပေးဖို့ ရှိတယ်လို့ ဟန်သီက ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071