အလှူအတန်းတွေ အမြဲမပြတ်
လုပ်လေ့ရှိတဲ့ စမိုင်းက အခု Covid 19 ဒုတိယလှိုင်းမှာလဲ ရိုးမရိပ်သာဆောင်အတွက် အဲကွန်း ၅လုံးလှူဒါန်းခဲ့ပါတယ်။ အဲကွန်း ၅လုံးအတွက် ကျသင့်ငွေ မှာကျပ် ၂၂သိန်း ၅သောင်း ဖြစ်ပါတယ်။
“ယနေ့အလှူ ရိုးမရိပ်သာအဆောင်တွေအတွက် အဲကွန်းလိုအပ်နေလို့ အဲကွန်း ( ၅ ) လုံး လှူဒါန်းခဲ့ပါတယ်။ မြန်မာပြည်ကြီး ကပ်ဘေးဆိုးကြီးမှအမြန်ဆုံးလွတ်မြောက်ပါစေ”လို့ ဆုတောင်းစကားဆိုခဲ့ပါတယ်။