အလှမယ် ထားထက်ထက်က ဒီဇင်ဘာလ ၁၉ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့မွေးနေ့အတွက် မွေးနေ့အလှူကို သန်လျင်မြို့နယ်ထဲက ပုဂံတောင် ကျေးရွာမှာရှိတဲ့ ပုဂံ ဓမ္မိကာရာမ ပရိယတ္တိရွှေ ကျင်စာသင်တိုက်မှာ မွေးနေ့ အလှူပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ကျောင်းမှာ မွေးနေ့အလှူအဖြစ် သံဃာများ၊ ကိုရင်ငယ်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းသလို ကျောင်းတိုက် မှာရှိတဲ့ မိဘမဲ့ကလေး အယောက်၂၈ဝကျော်တို့ကိုလည်း တစ်နေ့စာ အလှူ ဒါန ကျွေးမွေလှူဒါန်းပြီး မွေးနေ့ကုသိုလ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုလို လှူဒါန်းဖြစ်ပုံနဲ့ ပတ်သက်ပြီး မွေးနေ့ရှင်အလှမယ် ထားထက်ထက်က…
” ဒီကျောင်းတိုက်ကသန်လျင်နဲ့ တော်တော်ကိုဝေးပါတယ်။ ဒီကျောင်း မှာ မွေးနေ့အလှူ လာလုပ်ဖြစ်တာက ထား ထက်အမေနဲ့ ရင်းနှီးတဲ့မိတ်ဆွေ ဦးလေး ကြီးက ဒီမှာလာလှူဖူးတော့ ဒီကျောင်း က လိုအပ်ချက်ကိုပြောပြတာနဲ့ ဒီကျောင်းက ဆရာ တော်ဆီ လာရောက် ဖူးမြော်ပြီး ကျောင်း ရဲ့ လိုအပ်ချက်တွေ ကို မေးကြည့်ပြီး ထားထက် တတ်နိုင်သလောက်ကို မွေးနေ့အလှူအဖြစ် လာရောက်လှူဒါန်း တဲ့သဘောပါ။ ထားထက်ကတော့ နှစ်စဉ်နှစ်တိုင်း မွေးနေ့ရောက်ရင် ဒီလိုမျိုး လေးနဲ့ပဲ ဖြတ်သန်းဖြစ်ပါတယ်။ မွေးနေ့ပွဲရယ်လို့လည်း ထူးထူးခြားခြားကြီး ကျင်းပတာမရှိပါဘူး။ ကိုယ်ကိုယ်တိုင်ကလည်း အေးဆေးနေတတ်တော့ အခုလို အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်းဖြစ်တယ်။ ဒီနှစ်မှာဆိုထား ထက် fanတွေကအနုပညာသမားတွေဆီကနေ ထားထက်အတွက် မွေးနေ့ ဆုတောင်းစကားတွေကို စာအုပ်နဲ့အော်တို လိုက်ရေးခိုင်းပြီးထားထက်ကို surprise လုပ်ပေးတယ်။ ထားထက်တအား ပျော်ပါတယ်။ fanတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်နှစ်တွေမှာလည်းညေတွေနဲ့အတူ အလှူအတန်း တွေ ပြုလုပ်နိုင်အောင် ကြိုးစားဦးမှာပါ။ ထားထက်အခုလို မွေးနေ့မှာ ပြုလုပ် ရတဲ့ ကုသိုလ်ကောင်းမှုကြောင့်လည်း ထားထက်ဘယ်အရာပဲလုပ်လုပ် ထား ထက် တအားကံဆိုးတဲ့သူတော့ မဖြစ်ချင်ဘူး။ တအားကြီးကံမကောင်းရင် တောင်မှ ကိုယ်လုပ်တဲ့အရာ၊ ကိုယ်ရင်းနှီးခဲ့တဲ့အရာ၊ ကိုယ်အပင်ပန်းခံခဲ့တဲ့ အရာတွေအပေါ်မှာ တော့ထပ်တူအကျိုးရလဒ်တွေရချင်ပါတယ်။ ထား ထက်ကုသိုလ် ကောင်းမှုတွေလုပ်တိုင်းလည်း အဲဒီဆုအမြဲတောင်းခဲ့တယ်။ တောင်းတဲ့ဆုလည်း ပြည့်ဝချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
ဇင်မာနွယ်