Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeCelebrities' Newsအလှမယ်တွေကို လေ့ကျင့် သင်ကြားပေးတဲ့...

အလှမယ်တွေကို လေ့ကျင့် သင်ကြားပေးတဲ့ trainer ကောင်းတစ်ဦး ဖြစ်ချင်သူ အလှမယ် သျှားထွဋ်အိန္ဒြာ

Shar-Htut

Miss Universe Myanmar 2014 အလှမယ်တစ်ဦးဖြစ်တဲ့ သျှားထွဋ်အိန္ဒြာက အခုအချိန်မှာ နိုင်ငံ့ဂုဏ်ဆောင်အလှမယ်တစ်ဦး ဖြစ်ပေမယ့် အရင်တုန်းက အလှအပ ကိုတောင် မကြိုက်တဲ့ သာမန်မိန်းကလေးတစ်ဦးပါလို့ ဆိုပါတယ်။ နိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦး ဖြစ်လာတဲ့အချိန်မှာတော့ သူ့အတွက် များစွာပြောင်းလဲခဲ့ ရကြောင်း ကို သျှားထွဋ်အိန္ဒြာက…….

“သျှားဆိုရင် သာမန်မိန်းကလေးပါ။ ယောက်ျားလေး တစ်ယောက်လိုပဲ။ အလှအပလည်း မကြိုက်ဘူး။ မိတ်ကပ်ပြင်ရတာလည်း မကြိုက် ဘူး။ အဝတ်အစားဆိုလည်း ကပိုကရိုဝတ်ရတာပဲ ကြိုက်တယ်။ အဲဒီလို မိန်းကလေး တစ်ယောက်အတွက်က ဒီလိုမျိုး ကိုယ့်ခေါင်းပေါ်မှာ crown  ကြီးတစ်ခုရောက် လာတယ်။ ရောက်လာတဲ့ crown  ကလည်း တော်ရုံတန်ရုံ crown  မဟုတ်ဘူး။

ကိုယ့်နိုင်ငံကို ကိုယ်စားပြုထားတဲ့ ကိုယ့်နိုင်ငံကို တစ်ဖက်တစ်လမ်းကနေ ကျေးဇူးဆပ်လို့ရတဲ့ crown  တစ်ခုလည်း ဖြစ်နေတဲ့အတွက် သျှား အစစ အရာရာ ပြောင်းလဲခဲ့ရတယ်။ ဥပမာ ဖေ့စ်ဘုတ်မှာ status လေး တစ်ခုတင်တာကအစ ဂရုစိုက်ရတယ်။ သာမန်လူတစ်ယောက် ဘဝဆိုရင် ကိုယ်ဘာပဲဖြစ်ဖြစ် ကိုယ်ဘယ်သူနဲ့ပဲ ရန်ဖြစ်ဖြစ် ကိုယ့်ကိုဘယ်သူမှ ဂရုမစိုက်ဘူး။ ဒါပေမယ့် miss တစ်ယောက် ဖြစ်တဲ့အတွက် မျက်လုံးတွေ အားလုံးက ကိုယ့်ကိုဝိုင်းကြည့် နေကြတာပေါ့” လို့ပြောပါတယ်။

အလှမယ် သျှားထွဋ် အိန္ဒြာက နောက်ပိုင်းမှာ အလှမယ်တွေကို လေ့ကျင့်သင် ကြားပေးတဲ့ trainer  ကောင်းတစ်ယောက် ဖြစ်ချင် ပါတယ်လို့ သူ့ရဲ့ ရည်မှန်းချက်ကို ပြောပြပါတယ်။

“သျှားအခုအချိန်မှာ  Miss Universe Myanmar Organization  နဲ့ ပူးပေါင်းပြီးတော့ personal grooming training တွေလည်း လုပ်နေပါတယ်။ အဲဒါအပြင် personal trainer  တွေလည်း လုပ်နေ ပါတယ်။  အဖြစ်လည်း လုပ်ပေးဖြစ်ပါ တယ်။ သျှားက trainer  တစ်ယောက်ဖြစ်ချင်တယ်။ ဒီမြန်မာ နိုင်ငံမှာ miss တွေများပေမယ့် အမြင်ကျယ်ဖို့အတွက် လိုနေ တာတွေ ရှိ တယ်။ အဲဒီလို မျိုးတွေအတွက် ဝေမျှပေးချင်တယ်။ အဲဒီစိတ်နဲ့ trainer ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်” လို့ပြောပါ တယ်။

ခိုင်ဝေလွင် ၊

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071