ထားထက်ထက်တို့ အလှမယ် များ ဖွဲ့စည်းတည်ထောင်ထားတဲ့ Miss Myanmar Charity Group အဖွဲ့က Group ၂နှစ်ပြည့် အထိမ်း အမှတ် အလှူအဖြစ် သြဂုတ်လ ၈ ရက်နေ့က ပဲခူးတိုင်း၊ကြို့ပင်ကောက် မြို့နယ်၊ သိင်္ခရိုင်ဘုန်းတော်ကြီး ပညာသင်ကျောင်းရှိ မိဘမဲ့ကလေး ပေါင်း ၃၆ဝတို့အတွက် နေ့လယ်စာ၊ ဆန်၊ဆီ၊စာရေးကိရိ ယာ၊ သွားတိုက် ဆေး၊သွားတိုက်တံ၊ဆပ်ပြာတို့နဲ့ အခြားသော အလှူပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒီ့အပြင် ကျောင်းတိုက်ရှိဘုန်းကြီးများ နဲ့ ကိုရင်ငယ်များကို ဝါဆိုသင်္ကန်းနဲ့ ဝတ္ထု ငွေများ ဆက်ကပ် လှူဒါန်းခဲ့ပါ တယ်။Miss Myanmar Charity Group ရဲ့ ၂နှစ်ပြည့်အလှူနဲ့ပတ် သက်ပြီး အလှမယ်ထားထက်ထက်က…..
“သွားရတဲ့အခါလည်း အခက် အခဲတွေရှိတယ်။ ကုန်ကျစရိတ် လည်းပိုများတယ်။ လူလည်းပင်ပန်း တယ်။ မနက်အစောကြီး ထသွားရ တယ်။ ညမိုးချုပ်မှ ပြန်ရောက်တယ်။ အဲဒီလိုသွားရလို့ ပင်ပန်းတယ်ဆိုပေ မယ့် ဟိုရောက်သွားတဲ့အခါ ကလေး တွေရဲ့ အပျော်ကလေးတွေရဲ့ အပြုံး မျက်နှာလေးတွေ မြင်လိုက်ရတဲ့အခါ ပင်ပန်းမှုတွေ ပျောက်သွားတယ်။ သူတို့လိုအပ်တာကို အစအဆုံး အကုန်မဖြည့်ဆည်းပေးနိုင်ပေမယ့် လိုအပ်ချက်အနည်းငယ်ကို ဖြည့် ဆည်းပေးခွင့်ရတဲ့အတွက် တအား ကျေနပ်ရပါတယ်”လို့ ပြောပါတယ်။ ဒီအလှူမှာ အလှမယ်များက ကလေး ငယ်များ ပျော်ရွှင်ဖို့အတွက် ကဗျာ များ သင်ကြားကစားခြင်း၊ တစ်ကိုယ် ရေ သန့်ရှင်းမှု အသိပညာရစေရန် စနစ်တကျလက်ဆေးနည်းများ သင်ကြားပေးခြင်း စတာတွေကို ပြု လုပ်ပေးခဲ့ကြပါတယ်။
ဇင်မာနွယ်