(Unicode)
အလုပ်သမားများအတွက် အနည်းဆုံးလုပ်ခလစာသတ်မှတ်ချက်မှာ ပုံမှန် ၄၈၀၀ အတိုင်းသာဖြစ်
အလုပ်သမားတွေကြားမှာ သတင်းထွက်ပေါ်နေတဲ့ အလုပ်သမားတစ်ယောက်ကို တစ်နေ့လုပ်ခလစာသတ်မှတ်ချက် ငွေကျပ် ၄၈၀၀ မှ ယခင်သတ်မှတ်ချက် ငွေကျပ် ၃၆၀၀ သို့ပြန်လည်ပြောင်းလဲသတ်မှတ်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာတွေကို နစက ကထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ-၁၀ ၊ပုဒ်မခွဲ(ဃ)နဲ့အညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ပြီး အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ၂၀၁၈ ခုနှစ်၊မေလ ၁၄ ရက်နေ့မှာ အမိန့်ကြေညာစာတစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်။
အမိန့်ကြေညာစာအမှတ်(၂/၂၀၁၈)နဲ့ မြန်မာနိုင်ငံမှာရှိတဲ့အလုပ်သမားတွေအတွက် နေရာဒေသနဲ့လုပ်ငန်းအမျိုးအစားမခွဲခြားပဲ တစ်နိုင်ငံတစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ်နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ(တစ်ရက်)အတွက် ငွေကျပ် ၄၈၀၀ ကိုပြည် ထောင်စုအစိုးရအဖွဲ့ရဲ့အတည်ပြုချက်နဲ့ ထုတ်ပြန်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ယခုအချိန်အထိ အထက်ပါအမိန့်ကြေညာစာဟာ အတည်ဖြစ်ကြောင်းနဲ့ အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်ဟာ တိုးခြင်း၊လျော့ခြင်း မရှိသေးဘူးလို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။
“အရင်နှုန်းထား ၃၆၀၀ ကိုပြန်ချလိုက်တယ်ဆိုတော့ အခုလိုအချိန်နဲ့ဆိုရင်ပိုပြီးကြပ်တည်းသွားမှာပေါ့ ကျွန်တော်လည်းအဲ့လိုကြားခဲ့တာ လက်တလောအနေအထားမှာတောင်မနည်းရှာကြံစားနေရတာလေ အခုလို ပုံမှန် ၄၈၀၀ နှုန်းပဲပေးမယ်ဆိုတာသိရတော့ နည်းနည်းတော့တော်သေးတယ်ပြောရမယ် ထွက်နေတဲ့သတင်းတွေက ကောလဟလတွေပဲပေါ့”လို့စက်ရုံအလုပ်သမားတစ်ယောက်ဖြစ်တဲ့ ကိုကျော်စွာကပြောပါတယ်။
(Zawgyi)
အလုပ္သမားမ်ားအတြက္ အနည္းဆုံးလုပ္ခလစာသတ္မွတ္ခ်က္မွာ ပုံမွန္ ၄၈၀၀ အတိုင္းသာျဖစ္
အလုပ္သမားေတြၾကားမွာ သတင္းထြက္ေပၚေနတဲ့ အလုပ္သမားတစ္ေယာက္ကို တစ္ေန႔လုပ္ခလစာသတ္မွတ္ခ်က္ ေငြက်ပ္ ၄၈၀၀ မွ ယခင္သတ္မွတ္ခ်က္ ေငြက်ပ္ ၃၆၀၀ သို႔ျပန္လည္ေျပာင္းလဲသတ္မွတ္ခဲ့တယ္ဆိုတဲ့ သတင္းထြက္ေပၚေနတာေတြကို နစက ကထုတ္ျပန္ေပးခဲ့တာျဖစ္ပါတယ္။
၂၀၁၃ ခုႏွစ္မွာ အနည္းဆုံးအခေၾကးေငြသတ္မွတ္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီက အနည္းဆုံးအခေၾကးေငြဥပေဒပုဒ္မ-၁၀ ၊ပုဒ္မခြဲ(ဃ)နဲ႔အညီ သုံးပြင့္ဆိုင္ကိုယ္စားလွယ္ေတြနဲ႔ ညႇိႏႈိင္းေဆြးေႏြးဆုံးျဖတ္ၿပီး အနည္းဆုံးအခေၾကးေငြသတ္မွတ္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီက ၂၀၁၈ ခုႏွစ္၊ေမလ ၁၄ ရက္ေန႔မွာ အမိန္႔ေၾကညာစာတစ္ေစာင္ကိုထုတ္ျပန္ခဲ့ပါတယ္။
အမိန္႔ေၾကညာစာအမွတ္(၂/၂၀၁၈)နဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့အလုပ္သမားေတြအတြက္ ေနရာေဒသနဲ႔လုပ္ငန္းအမ်ိဳးအစားမခြဲျခားပဲ တစ္ႏိုင္ငံတစ္ေျပးညီ တစ္နာရီလွ်င္ ၆၀၀ က်ပ္ႏႈန္းျဖင့္ အလုပ္ခ်ိန္ ၈ နာရီ(တစ္ရက္)အတြက္ ေငြက်ပ္ ၄၈၀၀ ကိုျပည္ ေထာင္စုအစိုးရအဖြဲ႕ရဲ႕အတည္ျပဳခ်က္နဲ႔ ထုတ္ျပန္ေပးခဲ့တယ္လို႔ ေရးသားထားပါတယ္။
ယခုအခ်ိန္အထိ အထက္ပါအမိန္႔ေၾကညာစာဟာ အတည္ျဖစ္ေၾကာင္းနဲ႔ အနည္းဆုံးအခေၾကးေငြ ၄၈၀၀ က်ပ္ဟာ တိုးျခင္း၊ေလ်ာ့ျခင္း မရွိေသးဘူးလို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။
“အရင္ႏႈန္းထား ၃၆၀၀ ကိုျပန္ခ်လိုက္တယ္ဆိုေတာ့ အခုလိုအခ်ိန္နဲ႔ဆိုရင္ပိုၿပီးၾကပ္တည္းသြားမွာေပါ့ ကြၽန္ေတာ္လည္းအဲ့လိုၾကားခဲ့တာ လက္တေလာအေနအထားမွာေတာင္မနည္းရွာႀကံစားေနရတာေလ အခုလို ပုံမွန္ ၄၈၀၀ ႏႈန္းပဲေပးမယ္ဆိုတာသိရေတာ့ နည္းနည္းေတာ့ေတာ္ေသးတယ္ေျပာရမယ္ ထြက္ေနတဲ့သတင္းေတြက ေကာလဟလေတြပဲေပါ့”လို႔စက္႐ုံအလုပ္သမားတစ္ေယာက္ျဖစ္တဲ့ ကိုေက်ာ္စြာကေျပာပါတယ္။