အလုပ်သမားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်များ ပြပွဲကို နေပြည်တော်၌ ကျင်းပမည်ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ပြပွဲကို နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိဈေးအတွင်း မေလ (၁) ရက်မှ မေလ (၅) ရက်အထိ (၅) ရက်ကြာ ပြပွဲကျင်းပမည်ဖြစ်သည်။
ပြပွဲတွင် ပြခန်းစုစုပေါင်း (၅၄)ခန်း ပါဝင်မည်ဖြစ်ပြီး နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ်မှ ပြည်တွင်း MSME ထုတ်ကုန်များ၊ စက်မှုထုတ်ကုန်များ၊ ဒေသထွက်ကုန်များနှင့် ဌာနဆိုင်ရာပြခန်းများက ပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။


