ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက်စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၉)ဦးကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရမှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည်။
အဆိုပါ အလုပ်ထုတ်ခံရသည့် အလုပ်သမားများနှင့်ပတ်သက်၍ အောက်တိုဘာ (၉) ရက်တွင် အလုပ်သမားသံအရာရှိနှင့်အဖွဲ့မှ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေး ရုံး (ဆဝါဒီကန်) တာဝန်ခံအရာရှိ၊ နယ်မြေခံအလုပ်အကိုင်ဦးစီးဌာန တာဝန်ရှိသူအဖွဲ့နှင့်ပူးပေါင်း၍ ထိုင်းနိုင်ငံအလုပ်သမားဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ ပြန်လည်ရရှိရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသ ည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားအခွင့်အရေးများ ချိုးဖေ-ာက်ခံရပါက အလုပ်သမားသံအရာရှိရုံး ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း တိကျစွာသတင်းပေးတိုင်ကြားနိုင်ကြောင်းလည်း အသိပေးထားသည်။
အခွင့်အရေးချိုးဖေ-ာက်ခံရသည့် အလုပ်သမားများအနေဖြင့် အလုပ်သမားသံအရာရှိရုံး (Call Center) 02003001 5၊ အလုပ်သမားသံမှူး (ဘန်ကောက်) ၊ 0618108454၊ အလုပ်သမားသံအရာရှိ(ဘန်ကောက်) 0652206952၊ အလု ပ်သမားသံအရာရှိ(မဲဆောက်) 0652206953၊ အလုပ်သမားသံအရာရှိ(ချင်းမိုင်) 0945866607၊ အလုပ်သမားသံအရာရှိ (ရနောင်း) 0634818121 တို့ထံ ဆက်သွယ်၍ တိုင်ကြားနိုင်ကြောင်း သိရသည်။
