မကွေးတိုင်း၊နတ်မောက်မြို့နယ်၊ဒီးဒုတ်ခင်ကျေး ရွာတွင် ဒီဇင်ဘာ ၂၃ ရက်မွန်းတည့်ပိုင်းက အ လယ်တန်းပြကျောင်းဆရာမတစ်ဦးအား PDF အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။
ယင်းနေ့မွန်းတည့် ၁၂ နာရီခန့်က PDF အဖွဲ့ဝင်များသည် ဒီးဒုတ်ခင်ကျေးရွာရှိ အ.လ.က(ဒီးဒုတ်ခင်)မှ အလယ်တန်းပြဆရာမ ၁ ဦး၏နေအိမ်သို့ ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာခဲ့ကြသည်။
ထို့နောက် နေအိမ်၌ရှိနေသည့် အလယ်တန်းပြဆရာမနှင့်ခင်ပွန်းဖြစ်သူတို့အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း နစက ကထုတ်ပြန်ခဲ့သည်။
ဖြစ်စဥ်၌ အလယ်တန်းပြဆရာမမှာ ကျည်ထိမှန်ဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ခင်ပွန်းဖြစ်သူတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် နတ်မောက်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
“ဆရာမနာမည်က ဒေါ်ပပဝင်းပါ သူ့ခင်ပွန်းကတော့ ဦးဇော်လင်း အိမ်မှာရှိနေတုန်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ ဆရာမက ခေါင်းပွင့်ထွက်ဒဏ်ရာနဲ့သေဆုံးသွားတာပါ သိရသလောက်ဆိုရင် ဖုန်း ၃ လုံးလည်းပါသွားတယ်လို့ကြားတယ်”ဟု အလယ် တန်းပြဆရာမမိသားစုနှင့်နီးစပ်သူ တစ်ဦးကပြော သည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။