Thursday, August 13, 2026

ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး

တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများ သည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ...

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး...

ဘားအံ၊သြဂုတ်-၁၃ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်လာခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂) ခု ထပ်မံဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ သံလွင်မြစ်ရေသည်...

MSME လုပ်ငန်းရှင်များ ကျပ်သန်း ၁၀၀...

ရန်ကုန်၊ ဩဂုတ် ၁၃ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အများဆုံး ကျပ်သန်း ၁၀၀ အထိ သက်သာသော...
HomeNewsLocal Newsအရှေ့တောင်အာရှ အားကစားပြိုင်ပွဲကဲ့သို့ အမျိုးသားအားကစားပွဲတော်ကျင်းပမည်

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကဲ့သို့ အမျိုးသားအားကစားပွဲတော်ကျင်းပမည်

မျိုးချစ်စိတ်ကို ဖော်ညွှန်းသည့် တစ်နိုင်ငံလုံး ပါဝင်ဆင်နွှဲမည့် ပွဲတော်တစ်ခုဖြစ်ပြီး မြန်မာလူမျိုးဖြစ်ရသည်ကို ဂုဏ်ယူသည့် စိတ်ဖြစ်အောင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကြည့်ရှုခံစားခဲ့ရသည့် စိတ်ခံစားမှုမျိုး ပြန်လည်ရရှိအောင် အမျိုးသားအားကစားပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းကပြောသည်။

ဇွန် (၆) ရက်တွင် ပြုလုပ်သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခင်ကျင်းပခဲ့သည့် အမျိုးသားအားကစားပွဲတော်နှင့် ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆောင်ရွက်ခဲ့မှုများနှင့်ပေါင်းစပ်ပြီးကျင်းပလျှင် သင့်တော်မည်ဟု အကြံပြုလိုကြောင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အနုပညာရှင်၊ အတတ်ပညာရှင်များလည်း ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်လိုသည်များကို အသေးစိတ်ဆွေးနွေးကြစေလိုကြောင်း၊ အကြမ်းဖျင်းအားဖြင့် ဖွင့်ပွဲကို ခမ်းခမ်းနားနားကျင်းပရန် လျာထားကြောင်း၊ ပိတ်ပွဲအခမ်းအနားတွင် ဘောလုံးပွဲစဉ်၊ အမျိုးသားအားကစား ပွဲတော်ဂုဏ်ပြုတေးသီချင်းများ၊ စုပေါင်းသရုပ်ပြဖျော်ဖြေတင်ဆက်မှု အစီအစဉ်များဖြင့် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ အမျိုးသားအားကစားပွဲတော်သည် အမျိုးသားရေးအတွက် အနှစ်သာရရှိသည့် ပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာ (၉) ရက်မှ (၂၀) ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် နိုင်ငံတော်အဆင့် ခမ်းခမ်းနားနား ကျင်းပသွားမည်ဖြစ်သည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲတွင် နိုင်ငံတော်အလံကို Free Fall လေထီးဖြင့် ကွင်းအတွင်းသို့ သယ်ဆောင်လွှင့်တင်မည်ဖြစ်ပြီး အဖွင့်သီချင်းကို အနုပညာရှင်များ၊ ကျောင်းသားကျောင်းသူများက သီဆိုကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားပွဲတော်ကိုအစီအစဉ် (၁၇) ခုဖြင့် ကျင်းပရန်လျာထားပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင် ပညာရှင်များအစည်းအရုံးနှင့် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှ ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဒုသမ္မတ ဦးဉာဏ်ထွန်းဦးစီးကာ ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက်ဆီးဂိမ်းသည် လူအင်အား၊နည်းပညာအားများစွာသုံးကာ ခမ်းခမ်းနားနား ကျင်းပခဲ့ခြင်းဖြစ်သည်။ထိုပွဲအား တစ်နှစ်ကြိုတင်ပြင်ဆင်ခဲ့ပြီး တိုင်းနှင့်ပြည်နယ်အနှံ့မှကျောင်းသားများကိုစခန်းသွင်းလေ့ကျင့်ခဲ့သည်။

Photos- နေပြည်တော်တွင်ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲပုံများ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃ ရက်ကထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးစိုးရန်နောင် အား ဖွဲ့စည်းအားအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မ ခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (င)၊ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (စ)၊...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး

တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများ သည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ကော့ကရိတ်ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Malteser International က ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် စိုက်ပျိုးရေးအထောက်အကူပစ္စည်း(Livehood kids) များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး ကယ်ဆယ်ရေးစခန်း ၂ ခု ထပ်မံဖွင့်လှစ်

ဘားအံ၊သြဂုတ်-၁၃ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်လာခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂) ခု ထပ်မံဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေအမှတ် (၇၅၀) စင်တီမီတာထက် ကျော်လွန်ကာ ယနေ့ နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်အရ (၈၄၁) စင်တီမီတာသို့ ရောက်ရှိနေသည်။ ထို့ကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သည့် ရေဘေးသင့်ပြည်သူများ အဆင်ပြေစွာ ပြောင်းရွှေ့နိုင်ရန်အတွက် ရွှေယဉ်မျှော် ယာယီကယ်ဆယ်ရေးစခန်းနှင့် အ-ထ-က (၃) ကျောင်းအားကစားရုံ ယာယီကယ်ဆယ်ရေးစခန်း တို့အား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071