Tuesday, December 16, 2025

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...
HomeInternationalအရှေ့တောင်အာရှ၏ ဆိုက်ဘာရာဇ၀တ်မှု တို-က်ဖျ-က်ရေးအတွက်...

အရှေ့တောင်အာရှ၏ ဆိုက်ဘာရာဇ၀တ်မှု တို-က်ဖျ-က်ရေးအတွက် အမေရိကန်၏ အွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေး ‘တို-က်ခို-က်ရေးတပ်ဖွဲ့’ ၏ ပစ်မှတ်

အွန်လိုင်းလိမ်လည်မှုများအပေါ် အမေရိကန်ဦးဆောင်သော ဖြိုခွဲမှုသည် အရှေ့တောင်အာရှနိုင်ငံများ ရင်ဆိုင်နေရသော အန္တရာယ်များကို ကူညီတို-က်ဖျက်ပေးမည့် အခွင့်အရေးဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဝါရှင်တန်နှင့် ပေကျင်းတို့သည် သက်ဆိုင်ရာဒေသများ၏ အုပ်ချုပ်မှု ပေါ့လျော့ခြင်းနှင့် ယင်းကို အခွင့်ကောင်းယူသည့် ရာဇ၀တ်ကွန်ရက်များကို ဖျ-က်သိမ်းရာတွင် တူညီသော ရည်ရွယ်ချက်ကို အတူတကွ ကိုင်စွဲထားကြခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံတကာ လေ့လာသုံးသပ်သူများက ပြောကြားသည်။

အမေရိကန်သည် အဓိကအားဖြင့် အရှေ့တောင်အာရှနှင့် ဆက်စပ်နေသော ခရစ်ပ်တိုငွေကြေး(cryptocurrency) လိမ်လည်မှုများကို တန်ပြန်ရန်အတွက် ၎င်း၏ “လိမ်လည်မှုစင်တာ တို-က်ခို-က်ရေးတပ်ဖွဲ့”(Scam Centre Strike Force) ကို လွန်ခဲ့သည့်အပတ်က စတင်ခဲ့ပြီး ထိုသို့သော ရာဇ၀တ်မှုများကြောင့် အမေရိကန်နိုင်ငံသားများသည်လည်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး ဆုံးရှုံးနေရသည်ဟု ခန့်မှန်းထားသည်။

ဤလိမ်လည်မှု အစီအစဉ်များစွာကို “ဝက်မွေးသ-တ် လိမ်လည်မှု”(pig butchering) ဟုခေါ်ပြီး၊ လူကုန်ကူးခံရသူများသည် ၎င်းတို့၏ဆန္ဒမပါဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်ကာ သူတို့ကိုလည်း လက်နက်ကိုင်အဖွဲ့များက စောင့်ကြပ်လျှက်၊ အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်ရန် ညွှန်ကြားခံရပြီး၊ သက်ဆိုင်ရာဒေသတွင်းရှိ အဆောက်အအုံဝင်းများမှ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း အမေရိကန်တရားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရရှိသည့်ငွေများကို ပုံမှန်အားဖြင့် ခရစ်ပ်တို‌ငွေကြေးအပါအဝင်၊ အမေရိကန်အခြေစိုက် ငွေကြေး ပလက်ဖောင်းများမှတစ်ဆင့် ငွေကြေးခဝါချပြီး အခြားနိုင်ငံအသီးသီးရှိ စာရင်းများသို့ လွှဲပြောင်းခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ထားသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး(UNODC) ၏ အဆိုအရ အရှေ့တောင်အာရှအခြေစိုက် နယ်မြေဖြတ်ကျော် ရာဇ၀တ်အဖွဲ့များသည် တရားမဝင်လုပ်ဆောင်မှုများ၏ ကျယ်ပြန့်သော လုပ်ငန်းစဉ်ကို ပံ့ပိုးပေးသည့် “ရာဇ၀တ်မှု ဝန်ဆောင်မှုပေးသူများ” အဖြစ်သို့ ပြောင်းလဲလာခဲ့သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈ ရက် နေ့ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် ယော့ချနန် ဝေါင်ဆာဝပ်ကို ဖြူထိုင်းက ပထမဦးစားပေးရွေးချယ် အဆိုပြုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဂျူလာပန် အမွန်ဝိဗတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် အခြားကိုယ်စားလောင်းနှစ်ဦးလည်းပါဝင်မည်ဖြစ်ပြီး ဂျူလာပန်ကိုယ်တိုင်နှင့် ဝါရင့်နိုင်ငံရေးသမား ဆူရီယာ ဂျွန်ရွန်ဂရန်ကစ်တို့ဖြစ်သည်။ “ပါတီတွင်း ဆွေးနွေးမှုတွေအရ ဖြူထိုင်းပါတီအတွက် ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဟာ မစ္စတာ...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရသည်။ Photo- ပဲခူးတိုင်းဌာနေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071