ရန်ကုန်မြို့တွင်း၌ စည်းကမ်းမဲ့မောင်းနှင်သည့် YBS ယာဉ် ၈၇၀၀ ကျော်ကို အရေးယူဆောင်ရွက်ထားကြောင်း YRTC မှ သိရသည်။
အဆိုပါ စည်းကမ်းမဲ့ YBS ယာဉ်များအရေးယူဆောင်ရွက်မှုအပိုင်းတွင် ၂၀၂၂ ခုနှစ်တွင် အစီးရေ ၇၉၅၃ စီး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထိ ၈၃၇ စီး စုစုပေါင်း ၈၇၉၀ စီးကို CNG ပိတ်သိမ်းအရေးယူဆောင်ရွက်ထားခြင်းဖြစ်သည်။
ခရီးသည်အများဆုံးတိုင်ကြားမှုမှာ ယာဉ်စီးခပိုတောင်းခြင်း၊ ခရီးသည်အားမချေမငံပြောဆိုခြင်းနှင့် ယာဉ်အပြိုင်အဆိုင်မောင်းနှင်ခြင်းတို့ဖြစ်သည်။
YBS ယာဉ်တွေနှင့်ပတ်သက်ပြီး ခရီးသည်တွေ၏ တိုင်ကြားစာများရောက်ရှိလာခြင်းကြောင့် ယခုလို အရေးယူဆောင်ရွက်မှုတွေပြုလုပ်ထားကြောင်း၊ အရေးယူဆောင်ရွက်သည့်အခါတွင်လည်း ယခင် မ.ထ.သ လက်ထက်တွင် ကျင့်သုံးခဲ့သည့်စည်းကမ်းချက် ၁၃၈ ချက်နှင့်အညီအရေးယူဆောင်ရွက်ကြောင်းထုတ်ပြန်ထားသည်။
ယင်းအပြင် YBS ယာဉ်လိုင်းများစည်းကမ်းမဲ့မောင်းနှင်မှုမရှိစေရန်အတွက် YBS ယာဉ်လိုင်းတွေမှာ တယ်လီမက်တစ်စနစ်တပ်ဆင်ထားပြီး Yangon Bus Operator ကနေစောင့်ကြည့်အရေးယူမှုတွေ ပြုလုပ်လျှက်ရှိသည်။
ယင်းအပြင် Telematics စနစ်သည် အရေးပေါ်အကြောင်းကြားနိုင်ပြီး ကားပေါ်တွင် အရေးပေါ်တစ်ခုခုဖြစ်ပါက ယာဉ်မောင်းမှခလုပ်နှိပ်လိုက်သည်နှင့် Control Center ကသိရှိနိုင်မည့်ပုံစံ ပြုလုပ်ထားကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၁၉၉ကို အကြောင်းကြားနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။