ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တာရာယ်ကြောင့် ထိခို-က်ဆုံးရှုံနိုင်ခြေ လျှော့ချရေးနှင့် အရေးပေါ် အခြေအနေစီမခံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေး၊ ဝန်ကြီးများအဆင့် ညီလာခံ(၂၀၂၅) ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို တရုတ်နိုင်ငံ ဟိုင်နန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အမှာစကားပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
အရေးပေါ်ရှာဖွေကယ်ဆယ်ရေး (Emergency Rescue) သည် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခို-က်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုတွင် အဓိကကျသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကပြောသည်။
ပြီးခဲ့သည့် မန္တလေးငလျင်ကြီး တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ လာရောက်ကူညီဆောင်ရွက်ပေးသကဲ့သို့ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် အိမ်ရာများ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများအပါအဝင် ဘက်စုံပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စနစ်ကျသော ဖွဲ့စည်းမှုတို့ ရှိပြီးဖြစ်၍ မန္တလေးငလျင်ကြီးတွင် ငလျင်လှုပ်ခတ်ပြီး အချိန်တိုအတွင်း နိုင်ငံတော်အကြီးအကဲ၏ ဖိတ်ခေါ်မှုအရ တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ လာရောက်၍ ငလျင်ဘေးသင့်ဒေသများတွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအပါအဝင် ငလျင်ဘေးတုံ့ပြန်ရေးဆောင်ရွက်ချက်များ ဆောင်ရွက်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့သည်။
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခို-က်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး နှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာပဋိဉာဉ်ကို ကမ္ဘာလုံးဆိုင်ရာ မူဘောင်များဖြစ်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals- SDGs)နှင့် ဘေးအန္တရာယ်ကြောင့် ထိခို-က်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်တို့နှင့်အညီ ရေးဆွဲထားပြီးဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။
