လုပ်သားပြည်သူများ၏ အရေးကြီးသောစားသောက် ကုန်ဖြစ်သည့် ဆန်နှင့်ဆီ မပြတ်လတ်ရေးအတွက် ဂရု ပြုဆောင်ရွက်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က မှာကြားသည်။
၎င်းမှ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့၌ကျင်းပသော (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းသည် လူဦးရေအရ၊ စီးပွားရေးလုပ်ငန်းများအရ နိုင်ငံတစ်ခုလုံးတွင်အများဆုံးသည့်အပြင် သင်္ဘောဆိပ်ကမ်းရှိသောမြို့ဖြစ်ပြီး စီးပွားရေးအချက် အခြာကျကာ အရေးကြီးသောတိုင်းဒေသကြီးဖြစ်၍ စားသုံးသူပြည်သူများအတွက်ဆောင်ရွက်ပေးရာတွင် အထူးအလေးထားဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။
” လုပ်သားပြည်သူတွေအတွက် အရေးကြီးစားသောက် ကုန်ဖြစ်တဲ့ ဆန်နဲ့ဆီ မပြတ်လတ်စေဖို့ကို ဂရုပြုဆောင် ရွက်ရပါမယ်။ ရန်ကုန်မြို့မှာ စားအုန်းဆီတင်သွင်းသို လှောင်တာတွေကို အဓိကဆောင်ရွက်ရတာကြောင့် ရန် ကုန်တိုင်းဟာ စားသုံးဆီကဏ္ဍနဲ့ပတ်သက်ရင် အရေးပါတဲ့အခြေအနေရှိနေပါတယ်”ဟု ရန်ကုန်တိုင်းစီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက နှုတ်ခွန်း ဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက အမှာစကားပြောကြားကာ ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်း တမ်းကို အထွေထွေအတွင်းရေးမှူးဦးလှိုင်မျိုး၊ ပြင်ပစာရင်းစစ် ငွေအဉ္ဇလီ Audit Firm မှ ဒေါ်ဝါဝါလှိုင်က စာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်သွင်း၍ နှစ် ပတ်လည်အစီရင်ခံစာ၊ နှစ်ချုပ်ငွေစာရင်းရှင်းတမ်းနှင့်၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်း စစ်ခန့်အပ်ခြင်းတို့ကို အတည်ပြုခဲ့ကြသည်။
ထို့နောက် ၂၀၂၅- ၂၀၂၈ အလုပ်အမှုဆောင်သစ်များအားဖတ်ကြားအတည်ပြုပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ(အသစ်)ဦးမောင်မောင်ဇော်က ကျေးဇူးတင်စကားနှင့် နိဂုံးချုပ်အမှာစ ကားပြောကြားခဲ့သည်။
