မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် စားအုန်းဆီတစ်ပိဿာ ကျပ် ၄၃၀၀ ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဈေးနှုန်းဖြင့် ရန်ကုန်မြို့အနှံ့တွင် လက်လီအရောင်းဈေးကားများဖြင့် နေ့စဉ် လှည့်လည်ရောင်းချပေးနေရာ ယခုအပတ် ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်အထိ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၄၃၀၀ ဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်အပတ်ကလည်း စားအုန်းဆီများကို အရောင်းဈေးကားဖြင့် တစ်ပိဿာလျှင် ကျပ် ၄၂၀၀ နှင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် စားအုန်းဆီများကို သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးမှုကို ရန်ကုန်တိုင်းအတွင်းရှိ နေရာ (၄၀)တွင် နေ့စဉ် ဈေးကားဖြင့် လှည့်လည်ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကလည်း ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၄၁၄၀ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်အတွင်း ကျပ် ၉၀၀၀ ဝန်းကျင်အထိ မြင့်တက်နေခြင်းဖြစ်သည်။