တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် အရုပ်မီးပုံးပျံပြိုင်ပွဲဝင် (၃၅၀) ကျော် ရှိသဖြင့် ပြိုင်ပွဲဖွင့်ပွဲမတိုင်မီ (၂)ရက် ကြိုတင်လွှတ်တင်မည်ဖြစ်မည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံက သိရသည်။
အရုပ်မီးပုံးပျံ ပြိုင်ပွဲတွင် ခြေနှစ်ချောင်း၊ ခြေလေးချောင်းအုပ်စုခွဲထားပြီး အရုပ်မီးပုံးပျံပြိုင်ပွဲဝင်(၃၅၀)ကျော်ရှိသဖြင့် ပြိုင်ပွဲဖွင့်ပွဲ မတိုင်မီ(၂)ရက် ကြိုတင်လွှတ်တင်မည်ဖြစ်မည်ဖြစ်ရာ အောက်တိုဘာလ (၂၇) ရက်၌ နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲအား စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့ အဝေရာမီးပုံပျံကွင်းတွင် တန်ဆောင်တိုင် ပွဲတော်မီးပုံးပျံပြိုင်ပွဲအားအောက် တိုဘာ(၂၉) ရက်မှ နိုဝင်ဘာ (၄) ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါ ပြိုင်ပွဲ၌ နေ့လွှတ်တင်မည့် အရုပ်မီးပုံးပျံပြိုင်ပွဲအား ဖွင့်ပွဲ မတိုင်မီ(၂)ရက် ကြိုတင်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲဖွင့်ပွဲအား အောက်တို ဘာ (၂၉)ရက်တွင် ကျင်းပ၍ ပုံမှန်ညလွှတ် မီးပုံးပျံပြိုင်ပွဲအား ဆက်လက်ကျင်းပကာ ဆုချီးမြင့်ပွဲ အခမ်းအနားအား နိုဝင်ဘာ (၅) ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တန်ဆောင်တိုင် ပွဲတော်မီးပုံးပျံပွဲအတွက် ဟိုတယ်၊ တည်းခိုခန်းများ၊ ဘုန်းကြီးကျောင်းများ၊ လုံးချင်းအိမ်များ ပြည့်နေပြီဖြစ်ကြောင်း သိရသည်။
