ရန်ကုန်မြို့၊အရိုးရောဂါအထူးကုဆေးရုံကြီး၊ကျော ရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသဆောင်တွင် ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်၏ ကျော ရိုးပိုင်းဆိုင်ရာခွဲစိတ်ဆရာဝန်များနှင့်အတူ ဆွစ်ဇာလန်နိုင်ငံ၊ Zurich မြို့၊ Centre for Spinal and Scoliosis Surgery ဆေးရုံမှကျောရိုးခွဲစိတ်ဆရာ ဝန် ပါမောက္ခဒေါက်တာကံမင်းက ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်သည်။
မွေးရာပါ ခါးရိုးကောက်လူနာများအား Pedical Screw and Rods Posterior Fixation ဖြင့်ပြန် လည်တည့်မတ်ကုသခြင်း ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ခါးရိုးကောက်သောရောဂါကုသခြင်းများအား အရိုးရောဂါအထူးကုဆေးရုံကြီး- ရန်ကုန်ရှိ ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသဆောင်တွင် ကျောရိုးခွဲစိတ်ဆရာဝန်များကိုယ်တိုင်ကုသပေစလျက်ရှိသည်။
ထို့ပြင် နိုင်ငံခြားမှကျွမ်းကျင်ကျောရိုးခွဲစိတ်အ ထူးကုဆရာဝန်ကြီးများအားဖိတ်ခေါ်၍ ပူးပေါင်းခွဲစိတ်ကုသခြင်းများကိုလည်း ဆောင်ရွက်ခဲ့ရာ ၂၀၀၅ ခုနှစ်မှစ၍ တစ်နှစ်လျှင် ပျမ်းမျှလူနာ ၁၂ ဦးခန့်အား ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။
ထို့ကြောင့် လက်ရှိအချိန်အထိ ခါးရိုးကောက်လူ နာ ၂၀၀ ကျော်အား အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။




