၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ဟာ နာမည်ကျော် အယ်ဂျီးရီးယန်းတေးသံရှင် Richard Taha ရဲ့ ပရိသတ်တွေအတွက်တော့ ကြေကွဲစရာကောင်းတဲ့နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ Richard ရဲ့  မိသားစုတွေက တရားဝင်ပြောကြားလိုက်တဲ့အတွက် သတင်းကလည်း အတည်ဖြစ်ခဲ့ ပါပြီ။ Richard ဟာ အသက် ၅၉ နှစ်အရောက် သူနေထိုင်ရာ ပြင်သစ်နေအိမ်မှာ နေထိုင်ရင်း သူချစ်တဲ့ ပရိသတ်ကို ထာဝရနှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီဖြစ်ပါတယ်။
Richard ကို အယ်ဂျီးရီးယားနိုင်ငံအနောက်မြောက်ကမ်းရိုးတန်းဒေသမှာ ၁၉၅၈ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီး သူ့အသက် ၁ဝ နှစ်သားအရွယ်မှာ ပြင်သစ်နိုင်ငံလိုင်ယွန်မြို့ကို မိသားစုလိုက် ပြောင်းရွှေ့နေထိုင်လာခဲ့ကြတာ ဒီနေ့ထိထက်တိုင်ပဲ ဖြစ်ပါတယ်။
၁၉၈ဝ ခုနှစ်မှာစပြီး ဂီတလောကကိုဝင်လာတဲ့ သူ့ရဲ့ဂီတဟန်တွေက ကြားနေကျမျိုးတွေ မဟုတ်ဘဲ ထူးခြားတဲ့ ကိုယ်ပိုင်ဟန်တွေနဲ့ ထိုးဖောက်အောင်မြင်ခဲ့တာလို့ မှတ်ချက်ပြုကြပါတယ်။ သူဖန်တီး ခဲ့တဲ့ ဂီတအမျိုးအစားတွေကတော့ Rock,Electro နဲ Punk ဂီတတွေဖြစ်ကြောင်းပါ။
Ref:BBC