Tuesday, April 22, 2025

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု...

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ...

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ...

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း...

စစ်ကိုင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု(၁၁၁)စုအား ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်သူများအနက် အိမ်ထောင်စု(၁၁၁)စုအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ယနေ့ ဧပြီ ၂၂ ရက်နံနက်ပိုင်းက IBEC ဆရာတော်တည်...
HomeNewsLocal Newsအမှာစာရရှိမှု လျော့နည်းလာသည့်အထည်ချုပ်စက်ရုံများ

အမှာစာရရှိမှု လျော့နည်းလာသည့်အထည်ချုပ်စက်ရုံများ

ပြည်တွင်း၌ လည်ပတ်နေသည့် စက်ရုံအချို့သည် ယခင်လောက်အမှာစာမရရှိသည့်အတွက် ပိတ်နိုင်​ချေရှိလာကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများထံက သိရသည်။

“ ပိတ်တဲ့စက်ရဲ့တစ်ချို့ကပိတ်တယ်။ ဖွင့်တဲ့စက်ရုံကဖွင့်တယ်။ သိသလောက်ကတော့ စက်ရုံတစ်ချို့က အော်ဒါတွေကျလို့ အရင်လောက်အော်ဒါတွေမရလို့ ပိတ်တာဖြစ်တယ်။ စက်ရုံတစ်ချို့ ပိတ်တာတွေတော့ ဟုတ်တယ်။ အစိုးရကပြောတာကတော့ ၄ သိန်း ၁ သောင်းလောက်လုပ်သားအင်အားရှိတယ်လို့ပြောတယ်။ ကျွန်တော်တို့ကတော့ ပိုတွက်တာပေါ့။ နေ့စားဝန်ထမ်းတွေလည်းရှိသလို အမြဲတမ်းဝန်ထမ်းတွေလည်းရှိတယ်။ လုပ်သားအင်အား ၅ သိန်းဝန်းကျင်လောက်ရှိတာပေါ့။ ကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အလုပ်သမား ၂ သိန်းလောက်က အလုပ်လက်မဲ့ဖြစ်သွားတာပေါ့”ဟု အလုပ်သမားအရေးဆောင်ရွက်​နေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အထည်ချုပ်စက်ရုံ ၅၀၅ ခု ၊ ဖိနပ်ချုပ်လုပ်ငန်းစက်ရုံ ၄၈ ခု ၊ ဆံပင်တု စက်ရုံ ၈ခု၊ အခြား အိတ်ချုပ်လုပ်ငန်းစက်ရုံ ၊ အားကစား ဝတ်စုံ၊ ဖိနပ်၊ ခြေအိတ်ချုပ်လုပ်ငန်းစသည့် စက်ရုံလုပ်ငန်းများပါဝင်သည့် စက်ရုံ၊အလုပ်ရုံပေါင်းသည် ၁၇၇ ရုံ လုပ်ငန်းလည်ပတ်နေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ပြည်တွင်းရှိ CMP လုပ်ငန်းများတွင် တရုတ် ၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်နိုင်ငံ အပါအဝင် တရုတ်(တိုင်ပေ)မှလည်း လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်၍ လုပ်ကိုင်နေကြောင်း သိရသည်။

ယင်းအပြင် အထည်ချုပ်ကဏ္ဍတွင် ထုတ်လုပ်မှုအပိုင်းလျော့နည်းသွားပြီး ယခင်က အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ပြည်ပသို့တင်ပို့နိုင်ပြီး ယခုနှစ်များတွင် ထို့​လောက်တင်ပို့နိုင်ခြင်းမရှိ​သေးကြောင်း သိရသည်။

“အမှာစာအ​ခြေအ​နေအရစက်ရုံအချို့ယာယီရပ်ဆိုင်းမယ်ဆိုတာ​တော့ကြား​နေရပါတယ်။အများကြီး​တော့မဟုတ်ဘူး။ ဝယ်သူတဦးတည်းအ​ပေါ်အလုံးစုံတည်မှီ​နေရတဲ့လုပ်သားများတဲ့စက်ရုံလိုမျိုးက​တော့အခက်အခဲရှိနိုင်ပါတယ်။ ​နာမည်ကြီးကုန်အမှတ်တံဆိပ်အော်ဒါ​တွေလက်ခံထားတဲ့စက်ရုံတချို့က​​တော့မေလအထိ​လောက်​တော့အမှာစာ ရှိတယ်ကြား​တယ်”ဟု ဇုံထဲကစက်ရုံပိုင်ရှင်တစ်ဦးကဆိုသည်။

​အောက်​ခြေ အလုပ်သမား​တွေရဲ့ဘဝကို​စောင့်​ရှောက်မြှင့်တင်​ပေးချင်ရင် တိုင်းပြည်ကိုသီးခြားကျဥ်ထားခြင်းမျိုးနဲ့ မလုပ်​ပေးနိုင်ဘူးဆိုတာကို အ​တော်များများကသိကြပါတယ်ဟု စီးပွား​ရေး​လေ့လာသုံးသပ်သူတစ်ဦးက​ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု ဆောင်ရွက်နေဟုဆို

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက‌ ပေါ်ပြူလာနယူးစ်ကို ပြောသည်။ " မြို့တွင်းမှာအေးဆေးပါဘဲ၊ အခု (၆၂၆)ထောက်ပို့တပ်နဲ့ ခလရ (၄၁) တပ်တွေမှာ တပ်နေရာချထားတာတွေလုပ်နေတာတွေ့ရပါတယ်" ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယနေ့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတွင် တပ်မိသားစုဝင်များ ပါဝင်လာသည်ကို တွေ့ရသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများပါဝင်လာသည်ကိုမတွေ့ရှိရကြောင်း ၎င်းက သူမြင်တွေ့ရသည်ကို ပြောကြားသည်။ လားရှိုးမြို့အုပ်ချုပ်ရေးဆိုင်ရာအတွက် တပ်မတော်နှင့်...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ တည်ဆောက်မှု လုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် (၂၄၀၀) တင်ဆောင်လာသည့်ရေယာဉ်သည် ရန်ကုန်မြို့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတားသို့ ဧပြီ (၂၀)...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ယနေ့ ဧပြီ ၂၂ ရက်ကထုတ်ပြန်ခဲ့သည်။ မြန်မာ့တပ်မတော်မှ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင် ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုကိုရှေးရှု၍ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန် ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071