ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အမှတ်(၄)လမ်းမကြီးပေါ်တွင် ယနေ့ နိုဝင်ဘာ ၁၄ ရက်ည ၇ နာရီ ၄၅ မိနစ်ခန့်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မှော်ဘီမြို့နယ်၊ အင်းလျက်ကျေးရွာအုပ်စု၊ ကျောက်ပုန်းကျေးရွာ၊ အမှတ်(၄)လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားမောင်းသူ(၁)ဦးညပ်နေသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကယ်ထုတ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ည ၈ နာရီခန့်တွင် ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိထားသဖြင့် အင်းလျက်ကျေးရွာမှ သုခလူမှုကူညီရေးအသင်းက မှော်ဘီမြိုနယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
